Intro

1.5K 208 26
                                    


Unicode

"ကိုယ်တို့ အသက် ၂၀ပြည့်ရင်
လက်ထပ်ကြမလား"

မျက်လုံးပြူးကာ ခေါင်းခါပြတဲ့သူကို
ခပ်ဟဟသူရယ်ရင်း ဆံနွယ်လေးတွေကို
အသဲယားစွာ ဆွဲဖွမိသည်။

"အဲလောက်ထိ အသည်းသန်ငြင်းရသလား
အချစ်ရဲ့ ကိုယ်ရင်တွေနာရပြီ"

"မဟုတ်ဘူး ဂျောင်ကုရာ
အသက် ၂၀ဆို ကျောင်းပြီးခါစ လောက်ပဲရှိမှာ
လေ"

"အင်းလေ သိတယ်လေ
ကိုယ်က ဘွဲ့ယူပြီး နောက်နေ့ မင်္ဂလာပွဲတန်း
လုပ်ချင်လို့"

"အရမ်းမစောဘူးလားလို့
မင်းရဲ့ မေမေကို အလုပ်တွေ တစ်ခဏလောက်
ကူလုပ်ပြီး ငါ ကလည်း လုပ်ငန်းခွင်ဝင်ပြီး ငါတို့
လူကြီးတွေ ဖြစ်လာမှ လက်ထပ်ကြရင်မကောင်း
ဘူးလားလို့"

တွေဝေစဉ်းစားပြီး ခေါင်းတွေရှုပ်နေရှာသော
ချစ်သူလေးကို ကြည့်ပြီး သူထပ်ပြီး မစ
ရက်တော့

"ဟုတ်ပါပြီ ထယ်ယောင်းလေး စိတ်တိုင်းကျ
ကိုယ်စောင့်မှာပါ ... ကိုယ်တို့တွေ အဆုံးထိ
တစ်ယောက်အနားမှာ တစ်ယောက်အမြဲရှိကြ
မယ်နော် ဘာတွေပဲ ဖြစ်လာပါစေ ကိုယ်တို့
နှစ်ယောက် တွဲလက်မဖြုတ်ပဲ အတူ ရှေ့ဆက်
ကြမယ်လေ"

"သေချာတာပေါ့ ဂျောင်ကုရာ
ငါ မင်းကို ဘယ်တော့မှ မထားသွားဘူး"

"ကိုယ်လည်း မင်းကို ဘယ်တော့မှ
လက်မလွှတ်ဘူး"

သစ်လွင်လတ်ဆတ်သော ရင်ခုန်သံတွေကြား
ဆယ်ကျော်သက် ဒီအချစ်ဦးနှင့် သေချာပေါက်
ပေါင်းဖက်ရမည်ဆိုသော ယုံကြည်ချက်ဖြင့်သာ
နေ့ရက်တိုင်းက လှပနေခဲ့သည်။

.
.
.


"ငါ မင်းကို ဆက်မချစ်နိုင်တော့ဘူးထင်တယ်
မင်းဆီမှာ ငါမပျော်တော့ဘူး အမြဲတမ်းမင်းဆီက
ပြေးထွက်ချင်နေမိတယ်
ငါ့ကို လမ်းခွဲပေးပါ ဂျောင်ကု"

လျှပ်စီးတလတ်လတ် ကောင်းကင်ကြီးအောက်
အဆက်မပြတ်ရွှာသွန်းနေသော မိုးရေစက်
တွေကြား ရင်ဘတ်ကြီးတစ်ခုလုံးပူလောင်ကာ
ဗလောင်ဆူနေသည်။

မျက်ဝန်းတွေ ပေါက်ထွက်မတတ်ပင် ငိုယို
မိတဲ့ မျက်ရည်တွေကလည်း မိုးရေတွေနှင့်ရော
ထွေးကုန်ပြီ။

Forgive meWhere stories live. Discover now