Unicode
"အား ... နောက်ကျတော့မှာပဲ"
အရေးကြီးတဲ့ အလုပ်interview ရှိတဲ့နေ့မှ
အိပ်ယာထ နောက်ကျတော့ ပြာယာခပ်နေရပြီ။သစ်လွင်တဲ့ အဝတ်အစားတွေ ဝတ်ပြီး ပြေး
ထွက်လာပေမယ့် သူ့ပုံစံဟာ သပ်ရပ်မနေ
ပါပဲ ဖရိုဖရဲ ။"ဒီအလုပ် ရမှဖြစ်တာကို "
အဘွားရဲ့ ဆေးစရိတ်အတွက် အရေးကြီးတာမို့
ဟိုဘက်အလုပ် မရှိတဲ့အချိန်တဲ့ အချိန်တွေကို
ဒီအလုပ်နဲ့ အစားထိုးမှရမည်။အလုပ် ၂ခု ၃ခုလောက် ပြိုင်လုပ်ပြီး
ဝင်ငွေ ကိုပိုရအောင်စုရမည်လေ။
ဒီလိုနဲ့ပဲ သူ့ဘဝကြီးက အချိန်ပိုင်းအလုပ်
တွေသာ ပတ်ချာလည်နေရပြီ အတည်တကျ
ဝန်ထမ်းဖြစ်မယ့် အလုပ်လမ်းကြောင်းပေါ်သူ
မရောက်နိုင်တော့ပါ။"ဟဲ့ ... ကောင်လေး သတိထား"
မိန်းမကြီးတစ်ယောက်ရဲ့ သတိပေးသံနဲ့
ကားဘရိတ်အုပ်လိုက်တဲ့ အသံကြားမှာ
ထယ်ယောင်း မြေပြင်ပေါ်ပစ်လဲသွားသည်။သူအလောတကြီး ပြေးလွှားနေခဲ့လို့ လမ်းကွေ့
လေးကို သတိမမူခဲ့မိတာ ကားဘရိတ်မြန်သွား
လို့ သူကံကောင်းသွားပေမယ့် ထိတ်လန့်မှုကြောင့်
မြေပြင်ပေါ် သူပစ်လဲကျသွားသည်။"ဟာ ... လူလေး
အဆင်ပြေရဲ့လား ... ကားနဲ့ တိုက်မိသွားသေးလား"ကားပေါ်ကဆင်းပြီး အပြေးလာမေးတဲ့လူကြီးကို
ကားနဲ့ မထိတဲ့အကြောင်း အလောတကြီး
ခေါင်းခါ ပြလိုက်ပေမယ့် သူ့ရဲ့ဘယ်ဘက်
ခြေထောက်က အဆင်မပြေတော့ပါ။
ခေါက်လဲကျသွားတဲ့ အရှိန်နဲ့မို့ စူးအောင့်
နာကျင်သွားသည်။"ဘာမှမဖြစ်ပါဘူး အဆင်ပြေပါတယ်
ကျွန်တော့်အမှားပါ ကျွန်တော်သတိမထားမိလို့
ဖြစ်သွားတာ"စိတ်ပူပန်စွာ ကြည့်နေကြတဲ့လူအုပ်ကြီးက
ထယ်ယောင်းရဲ့ မတ်တပ်ထရပ်ပြီးဖြေရှင်းတဲ့
အသံကြားမှ စိတ်ချသွားဟန် အသီးသီးထွက်ခွါ
သွားကြသည်။လူအုပ်တွေရှင်းလင်းသွားပြီးနောက်မှာ
သူမြင်လိုက်ရသည်က သူ့အားစူးစိုက်ကြည့်နေတဲ့
ဂျွန်ဂျောင်ကု...
