1

870 157 26
                                    

Unicode

"ဟေး ကောင်လေး
အရက်လာထည့်ပေး"

"ဟိုတစ်ယောက် မှာထားတာလာမချသေးဘူးလား"

မီးရောင်စုံတွေကြား ဆူညံနေသောသီချင်းသံနှင့်
ယမကာ အနံ့တွေလှိုင်လှိုင်ထနေသော အခန်းထဲမှာ ထယ်ယောင်းတစ်ယောက်ခေါင်းတွေမူးနောက်
လာတဲ့အထိ ချွေးစေးတွေပြန်လာသည်။

"ဒီ စောက်ကောင် ခိုင်းစားဖို့အချိုးကို
မပြေဘူး မင်းတို့ မန်နေဂျာကို ခေါ်လာစမ်း
ဒီလို ဝန်ထမ်းမျိုးကို ချက်ချင်းအလုပ်ဖြုတ်ဖို့
ငါ ပြောရမယ်"

အခြေအနေတွေဟာ ရုတ်ချည်းပြောင်းလဲသွား
သည်။ စားသောက်စရာတွေကို စားပွဲဝိုင်းတွေဆီ
အပြေးအလွှားချနေသော ထယ်ယောင်းမှာ ယခု
အခါ ထိတ်ထိတ်ပြာပြာဖြင့် ဒေါသထွက်နေသော
VIP ဧည့်သည်ရှေ့မှာ မြေကြီးခေါင်းစိုက်မတတ်ခေါင်းငုံ့ချထားသည်။

အကြောင်းရင်းမှာ စားပွဲဝိုင်း သုံး လေး ဝိုင်းဆီ
အပြေးလွှားသွားနေရတဲ့ ထယ်ယောင်းက ဒေါသ
ထွက်နေတဲ့လူကြီးမှာထားတဲ့ ကော့တေးတစ်ခွက်ကို လာချတာ နောက်ကျတဲ့အပြင် စားပွဲပေါ်မတော်တဆ
ကျကွဲအောင် လုပ်မိသွားတာကြောင့်ဖြစ်သည်။

"တောင်းပန်ပါတယ် ကျွန်တော်နောက်တစ်ခွက်
ပြန်စီစဉ်ပေးပါ့မယ်"

ထိုလူကြီးက သူ့တောင်းပန်မှုကိုငြင်းဆန်ပြီး
စားပွဲပေါ်ရှိအရာ အားလုံးကိုရိုက်ချလာသည်။

"လူကြီးမင်း ... ကျွန်တော်တို့ဘက်က ဝန်ထမ်း
ပေါ့ဆမှုကို အနူးညွတ်တောင်းပန်ပါတယ်
နောက်မဖြစ်စေရပါဘူး  စားသောက်စရာတွေကို
ပြန်စီစဉ်ပေးပါ့မယ်"

ဆူညံသံကြောင့်ချက်ချင်းအပြေး
ရောက်လာသော ဆိုင်မန်နေဂျာရဲ့
တောင်းပန်စကားတွေကြားမှာ ထယ်ယောင်း
အသံတွေနဲ့ တဖြည်းဖြည်းဝေးကွာသွားသလို
ခံစားလိုက်ရသည်။

"အဲဒါ သူ ... သူပဲမဟုတ်လား"

ကလပ်ထဲ လှမ်းဝင်လာတဲ့ လူကြီးဆန်ဆန်
လူတစ်ယောက် မေးရိုးတွေက ထင်းထွက်နေ
အောင် အံကြိတ်ထားတဲ့ သူ့ပုံစံက နှစ်တွေဘယ်
လောက်ကြာကြာ လုံးဝအမြင်မှားစရာမရှိဘူး

Forgive meWhere stories live. Discover now