ခပ်ဖွဖွခေါက်လိုက်တဲ့တံခါးသံနောက်မှာခြေသံဖွဖွကတံခါးနားရောက်လာပြီးပွင့်သွားတဲ့တံခါးနောက်မှာခပ်ပြုံးပြုံးအသွင်နဲ့မျက်နှာပေါ်လာသည်။"ဆောနူ အစောကြီးပါလားဗျ ခုနစ်နာရီလောက်မှလာခဲ့ပါဆိုတာကို"
"အိမ်မှာလဲလုပ်စရာမရှိလို့ပျင်းတာနဲ့ကူပေးစရာရှိမလားလို့လာလိုက်တာဗျ"
"ကူစရာတော့မရှိတော့ဘူးဗျ အရင်ဆုံးလာဝင်ထိုင်ပါ အပြင်မှာအေးတယ်"
"အလှဆင်မလို့လုပ်နေတာလား"
အထဲဝင်သွားတာနဲ့ပြန့်ကျဲနေတဲ့အလှဆင်ပစ္စည်းတွေကိုမြင်လိုက်ရတာကြောင့်ဆောနူသိချင်စိတ်နဲ့မေးလိုက်တယ်။
"အာ ဟုတ်တယ်ဗျ အခုထိသစ်ပင်တော့မတွေ့သေးပေမဲ့ ဧည့်ခန်းကိုအရင်အလှဆင်ထားမလားလို့"
"ဪ"
"ဒါနဲ့ ဆောနူဗိုက်ဆာနေပြီလားဗျ စားစရာတွေအကုန်အဆင်သင့်မဖြစ်သေးလို့နည်းနည်းစောင့်ရအုံးမယ်ထင်တယ်။
ပြန့်ကျဲနေတာကိုကြည့်ကောင်းရှုကောင်းဖြစ်အောင်စီနေတဲ့လူဆီကထွက်လာတဲ့အမေးစကားကြောင့်ဆောနူခပ်တွေတွေလေးဖြစ်သွားတယ်။
ဘယ်လောက်တောင်ပြင်ထားလို့လဲမသိဘူး။"မဆာသေးဘူးဗျ အေးဆေးလုပ်ပါ"
"ဒါဆိုခဏစောင့်နော်"
ဆောနူကိုပြောကာမီးဖိုဘက်ဆီကိုလျှောက်သွားတဲ့လူကိုကြည့်ရင်းဆောနူတိတ်တိတ်ဆိတ်ဆိတ်ပဲနေလိုက်တယ်။
ဧည့်ခန်းကိုဟိုဟိုဒီဒီလျှောက်ကြည့်လိုက်မိတော့အခုထိနေရာယူချလို့ပြီးပုံမရသေးတဲ့ပစ္စည်းအချို့ကဟိုတစ်စဒီတစ်စပြန့်ကျဲလို့။
"ခဏတော့စောင့်အုံးနော် steakရရင်အဆင်သင့်ဖြစ်ပြီ ပြီးတော့ဧည့်ခန်းကရှုပ်ပွနေတာအားနာပါတယ် အခုထိပစ္စည်းတွေကနေရာမချရသေးတော့"
"ရပါတယ်ဗျ အေးဆေးလုပ်ပါ"
ဆောနူကိုလာပြောပြီးတာနဲ့မီးဖိုခန်းဆီပြန်ဝင်သွားတာမလို့ဆောနူလဲဟိုကြည့်ဒီကြည့်နဲ့ဘာမှထွေထွေထူးထူးမရှိတဲ့ဧည့်ခန်းကိုအကဲခတ်နေလိုက်တယ်။
YOU ARE READING
Hey Stranger! I Made Some Cookies For You//sunsun
Fanfica fluffy love story during snowy holidays season