Unicode
၁၃၉၂ခုနှစ် ဂိုေလျာမင်းဆက်လက်ထက်.....
လမင်းကြီးထိန်ထိန်သာနေသော ညတစ်ညတွင် စစ်မက်ဖြစ်ပွားနေတဲ့ အသံများ၊ အော်ဟစ်ကူညီတောင်းနေသောအသံများ၊ မြေပြင်ပေါ်တွင် သွေးအလိမ်းလိမ်းဖြင့် စုပုံနေသော ခန္ဓာကိုယ်များ၊မီးလောင်၍ရစရာနေရာမရှိဖြစ်နေသော အိမ်တွေနှင့်အတူ ပျက်စီးယိုယွင်းနေသော နေရာများသည် သုဿန်ပမာ။
"ဂိုလျောမင်းဆက်ကို ထောက်ခံအားပေးတဲ့သူတွေအကုန် တစ်ယောက်မှအရှင်မထားနဲ့!!!!!!!!"
သြဇာရှိသောအသံနှင့် မြင်းပေါ်ကသူတို့ခေါင်းဆောင်ဖြစ်ဟန်တူသော လူကြီးတစ်ယောက်သည် လက်ထဲတွင် ဓားတစ်ဖက်နှင့် ကျန်လက်တစ်ဖက်တွင် လသားအရွယ်ရှိသော ကလေးလေးတစ်ယောက်နဲ့အတူ မြင်းဇတ်ကြိုးကို ထိန်းထားသည့်ပုံက အတွေ့အကြုံများစွာရှိသည့်နှယ်။
"ငါတစ်ယောက်မှ လွတ်တာမမြင်ချင်ဘူးနော်!!!!!အကုန်သေတာပဲမြင်ချင်တယ်!!!"
ပြောလဲပြော လက်ထဲတွင်ကလေးကို ချီကာ တိုက်ခိုက်ရင်း ရန်သူများကိုတိုက်ခိုက်နေသူသည် ယုံကြည်ချက်တွေ ပြည့်နှက်နေဟန်တူသည်။
"အကြီးအကဲ!!!!ကျွန်တော်တို့တပ်တွေကိုနန်းတော်ကို အဖက်ဖက်ကနေဝင်စီးထားပြီးပါပြီ...ဘယ်လိုလုပ်လိုက်ရမလဲ!!"
"ဘုရင်ကိုအရင်သတ်!!!ဘုရင်သေရင် အကုန်လုံးလက်လျှော့ကြလိမ့်မယ်။ဘုရင်ကိုသာအဓိကသတ်!!!"
အလစ်သုတ်တိုက်ရင်း အငိုက်မိလို့အထိနာနေချိန် အလုံးရင်းဝင်တိုက်လာတာမို့ ပြင်ဆင်ထားချိန်မရှိသော ဂိုဂူလျောနိုင်ငံသည် လုံးဝကိုဖရိုဖရဲနှင့် ပြိုလဲကုန်သည်။
"သားတော်...သွားပါတော့..သားတော်..ဒီကအမြန်ထွက်သွားပါ။ခမည်းတော်တို့ လျှို့ဝှက်လမ်းကိုသိတယ်မလား"
"ဟင့်အင်း...သားတော်မသွားဘူး!!!"
"ဦးရီးတော်နဲ့အတူသွားပါ..သားတော်...ဆက်ဆက်အသက်ရှင်ရမယ်နော်"
ေသွးေတွ ပေပွနေသော မျက်နှာနဲ့မျက်ရည်များစွာဖြင့် ကြေကွဲစွာပြောနေသော ဘုရင်ဖြစ်သူသည် နောက်ဆုံးချိန်ထိမိဘမေတ္တာတော့ ပြသခဲ့ပါသေးသည်။
"သွားရအောင် တူတော်...ေနာင်တော်စိတ်ချပါ။ညီတော် အသက်နဲ့လဲပြီးစောင့်ရှောက်မှာပါ"
YOU ARE READING
အရှင့်ကံ
Fanfictionခြေတော်ရင်းမဝပ်ဆင်းဘူးလို့ ရာဇသံပေးထားကာမှ နှလုံးသားဟာကျရှုံးသွားရတယ်လို့။