Unicode
"ဒီရက်ပိုင်း မောင်တော် ကိုယ်လက်မအီမသာဖြစ်လာတဲ့ရက်တွေ များလွန်းပါဘိ..နှမတော်ဖြင့် စိတ်ပူလိုက်ရတာ"
ကုတင်ပေါ်တွင် ချောင်းတဟွတ်ဟွတ်ဆိုးကာ ထလာမည့်ဟန်မို့ ဂျွန်မိဖုရားကြီးခမျာ ထွေးခံကိုသာယူပေးလိုက်ရသည်။
"ဒီလူအိုကြီးက အချိန်စေ့ပြီနဲ့တူပါတယ်မိဖုရားကြီးရယ်"
"မောင်တော်နော်..!"
လက်ကိုင်ပုဝါဖြင့် ချွေးစေးတွေကိုသုတ်ပေးနေကာ အားပေးစကားပြောပေးနေလိုက်သည်။
"မောင်တော် နတ်ရွာမစံခင် သားတော်ကို ထီးနန်းလွှဲပေးခဲ့မှဖြစ်မယ်"
ထိုစကားသံကြောင့် နန်းေဆာင်အပြင်တွင် ဆေးခွက်ကိုကိုင်ပြီး လျှောက်လာတဲ့ ဂျီမင့်ခြေလှမ်းတွေရပ်တန့်သွားသည်။
"လျှောက်တင်လိုက်ရပါတော့မလား ကြင်ယာတော်"
"နေ..နေ။ခဏလေး။မယ်တော်တို့ အေးဆေးစကားပြောကြပါစေ"
"မောင်တော် အကြာကြီးနေရဦးမှာပါလို့ နှမတော်ပြောနေတယ်လေ"
"မောင်တော် ရုတ်တရက်နတ်ရွာစံသွားလို့ သားေတာ်ကို ရှင်ဘုရင် မအပ်မြောက်ခဲ့ရင် နန်းလုပွဲတွေကဖြစ်လာလိမ့်မယ်...ပြီးတော့...ပြီးတော့"
"ပြီးတော့ ဘာများပါလဲမောင်တော်"
"ကြင်ယာတော်...ကြင်ယာတော့်ကိုသတိ.."
"ဝုန်း..ဒုန်း..!"
အလျင်အမြန် တံခါးကိုကျယ်လောင်စွာဖွင့်ဝင်လာတာကြောင့် နှစ်ယောက်လုံးဟာ အထိတ်တလန့်လန့်။
"စိုးရွံ့မိပါတယ်မယ်တော်..ကျွန်တော်မျိုးမ ဆေးသောက်ရမယ့်အချိန် မမှီမှာဆိုးလို့ပြေးလာလိုက်တာပါ"
"အလန့်တကြားရှိလိုက်တာချွေးမတော်ရယ်..ပေးပေး..မယ်တော့်ကိုပေး..ချွေးမတော်လည်း ရင်ထဲနေလို့သိပ်မကောင်းဘူးဆို..သွားနားချေလေ"
"ဟုတ်ကဲ့ပါမယ်တော်.."
ဂျွန်မိဖုရားကြီးဆေးတိုက်နေသော်လည်း ခေါင်းခါပြီးငြင်းနေပုံရသော ဂျွန်မင်းကြီးကြောင့် ဂျီမင် နှုတ်ခမ်းသာရွဲ့ပြီးပြုံးကာ ထွက်လာခဲ့သည်။
YOU ARE READING
အရှင့်ကံ
Fanfictionခြေတော်ရင်းမဝပ်ဆင်းဘူးလို့ ရာဇသံပေးထားကာမှ နှလုံးသားဟာကျရှုံးသွားရတယ်လို့။