"အင်း..အား.ဆူးတယ်.ဟင်ဘယ်..ဘယ်ကိုရောက်နေတာလဲဒါကြီးကဘယ်နေရာလဲ"
"အရှင်မင်းကြီး ကောင်လေးနိုးလာပါပီဘုရား"
အရှင်မင်းကြီးသည် စားပွဲတော်ရဲ့ရှေ့မှာအလုပ်ရှုပ်နေလျက်။ မြေပုံကြည့်ပီ စာရေးလိုက် စဉ်းစားလိုက် ထိုကောင်လေးကိုလည်းတစ်ချက်ချက်ကြည့်သည်။ထိုအခါတွင် ကောင်လေးနိုးပီဆိုတဲ့အသံ ကြားရော တန်းထသွားကာ ကောင်လေးစီအမြန်သွားကြည့်လေသည်။
"ကောင်လေး မင်းနိုးတာနဲ့အတော်ဘဲ ငါမင်းအတွက် စွပ်ပြုတ် လုပ်ပေးထားတယ်၊အမတ်ကြီး စွပ်ပြုတ်သွားယူလာခဲ့"
"ဟုတ်ကဲ့ပါဘုရား"
ကျွန်ေတာ်တကယ်ရှေးခေတ်ပြန်ရောက်သွားတာဘဲ ။သူကတကယ့်မင်းကြီးဘဲလား ငါကပဲအိမ်မက် မက်နေတာတော့မဟုတ်ပါဘူးနော် ၊စွပ်ပြုတ်ငါ့အတွက်?သူကဘာကြောင့်များငါ့ကိုဂရုစိုက်ရတာလဲ။
"ရပါပီဘုရား"
"ကောင်လေးဒီမှာမင်းအတွက် သောက်လိုက်ပါ မင်းကြည့်ရတာအားမရှိသလိုဘဲ"
"ကျွန်တော်ဘယ်လိုဖြစ်ပီ ဒီကိုရောက်လာတာလဲ"
"မင်းမမှတ်မိဘူးထင်တယ် ငါကိုယ်တော်မြတ်နဲ့စကားများရင်မင်း မေ့လဲသွားတာ အဲ့ကြောင့် ဒီစံအိမ်တော်ကို ခေါ်လာတာ"
"စွပ်ပြုတ်ကအရသာရှိမယ့်ပုံပဲ သောက်ခွင့်ပြုပါဗျ"
အရှင်မင်းကြီးလည်းခေါင်းတစ်ချက်ငြိမ့်လိုက်သည်။ထိုကောင်လေးကြည့်တော့ အားရပါးရစားနေသည်။ မင်းကြီးသဘောကျစွာပြုံးလိုက်ရင်....။
"မင်းက စွပ်ပြုတ်ကြိုက်တာပဲလား "
"ကြိုက်တာပေါ့ဗျ ကျွန်တော်က အထူးသဖြင့်Strawberry အကြိုက်ဆုံး ၊ မင်းကြီးကရောဘာအကြိုက်ဆုံးလဲ"
"ကိုယ်တော်လား......ကိုယ်တော်က မုန်လာဉစွပ်ပြုတ်ကြိုက်တယ်"
"ဟီ မုန်လာဉစွပ်ပြုတ်ကြိုက်တာဆိုတော့ ယုန်လေးပေါ့ ယုန်တွေက မုန်လာဉဆိုသိပ့်သိပ့်ကြိုက်တာ ပီးတော့မင်းကြီးကယုန်နဲ့လည်းတူတယ်"
"ကောင်လေးစကားအပြောဆိုဆင်ခြေပါ မင်းကြီးကျွန်တော်မျိုးမကိုခွင့်လွတ်ပါ "
YOU ARE READING
Stone pillar
Werewolfကျွန်တော် လူတစ်ယောက်ကိုအရမ်းချစ်မိခဲ့တဲ့နေ့ကစပီ သူ့စီပဲသွားချင်မိတယ်သူစီဘဲစိတ်ရောက်နေတယ် သူနဲ့ကျွန်တော် ဆုံစည်းဖို့ကဘာလို့ အဲ့လောက်ခက်ခဲရတာလဲ ကံကြမ္မာတရားကသိပ့်ရက်စက်တာဘဲလား Jeonနဲ့ကျွန်တော် ပေါင်းဖက်ရပါလို၏ ။ကျွန်တော်Jeonကိုအသက်ထက်ပိုချစ်တယ် ထာဝရ...