Stone Pillar (part-6)

140 5 0
                                    

ကျွန်တော်တို့ခေတ်နှင့်ရှေးခေတ်ဘယ်တူမလဲ၊ကျွန်တော်တို့ခေတ်မှာ ဖုန်း၊TV၊ Internet၊ WiFi ၊စကားအပြောအဆိုကအစ တစ်ခြားစီ။ ကျွန်တော်တို့ဂျိုဆွန်းတိုင်ပြည်မှာ အစားအသောက်၊သစ်သီးဝလံတွေ အလွန်ပေါ်များလွန်းသည်။ ‌သဘာဝသစ်သီးတွေဖြစ်၍ စိတ်ချလက်ချစားနိုင်သည်။ တစ်ခုသာတာက..ကျွန်တော်စာမလုပ်ရတော့ဘူးပေါ့ ။ ကျွန်တော်တို့ခေတ်ဆို စာလုပ်နေရ ၊ စာမေးပွဲဖြေရနဲ့ အလုပ်ရှုပ်နေမှာ။ရှေးခေတ်လည်းစာမေးပွဲဖြေရပေမယ့် ကျွန်တော်တို့လောက်ထက်‌
ဘယ်ပင်ပန်းပါ့မှလဲ။ ဖေဖေနဲ့မေမေ ကျွန်တော့်ကိုစိတ်ပူနေမလား? လွမ်းလိုက်တာအိမ်ကို။
ဘာလိုလိုနဲ့ မနတ်ဖြန်ဆို မင်းကြီးရောက်လာတော့မှာ ကျွန်တော် အရမ်းပျော်ပြီ ရင်ခုန်မိတယ်။

Taehyung တွေးလက်စ အတွေးကိုရပ်တန်းလိုက်သည်။

ညအချိန်7နာရီ

"ဓားမြတွေ ဝင်လာပြီဗျို့..ဓားမြတွေဝင်လာပြီ"(မြို့သူမြို့သားများအသံ)

"လုံခြုံရေးတပ်တွေ အဆင့်သင့်နေရာယူ..သူတို့ကိုရှင်းလိုက်
ခေါင်းဆောင်မှူး ကျွန်တော်တို့ သခင်လေး Taehyung ကို တော်ဝင်နန်းစီခေါ်သွားလိုက်မယ်"

"ဟုတ်ပီ သခင်လေးကို ထိခိုက်ဒဏ်ရာမရစေနဲ့"

"ဟုတ်ကဲ့ ခေါင်းဆောင်မှူး"

ခေါင်းဆောင်မှူးသည် Park Bogum ၏အဖေဖြစ်သည်။ စစ်တပ်တဲ့အကြီးဆုံး အရာရှိကြီးဖြစ်သည်။ မင်းကြီး၏ အတွင်းရေးမှူး အဓိကဖြစ်သူ Park Bogum။ Park Bogum သည် ဓားစွမ်းရည်၊တိုက်ခိုက်စွမ်းရည် စည်းစနစ်ကျသည်။မင်းကြီးအပေါ်လည်းသစ္စာရှိ၏ ။

Taehyung တို့နန်းတော်မှာမရှိဘဲ တစ်ခြားနေရာသို့သွားခြင်းကြောင့် ဓားပြတိုက်ခံရခြင်းဖြစ်သည်။ taetae က "ပျင်းတယ်"ဆိုပြီး park bogumကို ပူဆာ၍ အပြင်လိုက်ပို့ပေးခဲ့သည်။ ညနက်နေပြီဖြစ်သောကြောင့် တစ်ခြားမြို့မှာပင် ညအိပ့်ရတော့သည်။

"Park Bogum ဘာဖြစ်လို့လဲ"

"သခင်လေး ဓားမြတွေဝင်လာတယ် ကျွန်တော်တို့ဒီကနေထွက်မှရမယ်"

"ဓား..ဓားမြ....အခုဘယ်သွားကြမလဲ"

"နန်းတွင်းစီသွားမှာမို့လို့ ကျွန်တော်မျိုးမ လက်ကို သေချာကိုင်ထားပါ"

Stone pillarWhere stories live. Discover now