The beginning of everything

699 78 16
                                    

Unni

''အားး ပင်ပန်းလိုက်တာကွာ''

မနက်စောစောမှာပင် ငြီးညူနေပြီဖြစ်သော
ဂယူဘင်းအားကြည့်ကာ ဟာအိုနှာခေါင်းရှုံ့မိသည်။

''ဘာကိုပင်ပန်းတာလဲ ဒီနေ့အလုပ်သင်တွေ
လာတော့မှာ အဲ့အချိန်ကျမှငြီး..''

''ဟားး!''

နဂိုမဲ့ရှုတ်နေသောဂယူဘင်းမျက်နှာသည်
ဟာအို့၏စကားအပြီးတွင် ပိုလိုတောင်အုံ့မှိုင်း
သွားလေသည်။

''ဒါနဲ့ ဟန်ဘင်းရော''

''ဘယ်သိမှာလဲ! နောက်ပြီးဆေးရုံကလူတွေက
ငါ့ကိုမြင်တိုင်းဘာလို့ဟန်ဘင်းကိုပဲမေးနေရတာလဲ
တကယ်ပဲဒေါသထွက်လာပြီ...''

ထိုသို့ပြောပြီးး ဟာအိုကဂယူ့ရှေ့မှဒေါသတကြီး
ထွက်သွားကာဂယူ့ကိုလည်း
မျက်စောင်းထိုးသွားပြန်၏။

''ဘယ်လူနာနဲ့ ရန်ဖြစ်လာပြန်တာလဲမသိဘူး''

ထိုစဥ်ဘယ်အချိန်ကရောက်လာမှန်းမသိတဲ့
ရစ်ကီကသူ့ပုခုံးအားဖက်ကာ ဆို၏။

သူပြောတာလဲမှန်ပါတယ် ကျန်းဟာအိုဆိုတာလုံးဝ
ဒေါသအိုး သူ့ကိုသွားထိတာဟာကျားကိုသွားထိ
တာနဲ့အတူတူပဲဆိုတဲ့ စကားတောင်ကျွန်တော်တို့
ဆေးရုံမှာရှိသည်လေ။

မဟုတ်ရင်မခံတတ်တဲ့အကျင့်နဲ့ ဒေါသကြီးတတ်တဲ့
စိတ်ကြောင့်ဒီဆေးရုံမှာ ဟာအိုနဲ့ရန်မဖြစ်ဖူးတဲ့သူ
ဆိုတာတစ်ယောက်မှမရှိ။ဆေးရုံအုပ်ကြီးကိုတောင်
သူ့ကိုလာထိရင် ဆေးရုံတစ်ခုလုံးဖျောက်ပစ်မှာလို့
ကျိန်းထားတဲ့သူပင်။

ဒါပေမဲ့အဲ့ဒီ့လိုလူကို နိုင်တဲ့သူတစ်ယောက်တော့
ရှိသည်။ ဆောင်းဟန်ဘင်းတဲ့...။

''ဒီနေ့အလုပ်သင်တွေ လာမှာတဲ့''

''သိတယ် ခုနကဟာအိုပြောသွားတယ်''

''ဖွန်မကြောင်နဲ့နော် ဂယူဘင်း''

ရစ်ကီအပြောကြောင့် ဂယူသဘောတကျဖြစ်သွားကာ။

''ဆရာဝန်အလုပ်ကိုစွန့်လွှတ်နိုင်တယ် အဲ့တာတော့
မလုပ်လို့မရဘူးကွ!''

''ဟားဟားး! ဒီတစ်ခေါက်လည်းဘယ်ဂျူနီယာလေး
မင်းကစားတာခံရလောက်မလဲ''

Hospital playlistWhere stories live. Discover now