Pink bookstore

488 79 8
                                    

Unni

အဆောက်အဦးပုံစံဟာ သေးငယ်ပေမဲ့။
အလွန်စည်းကမ်းကြီးပြီး လူချမ်းသာများသာ
တက်ရောက်နိုင်သည့်မူကြိုကျောင်းရှေ့တွင်။

စျေးကြီးသည့်အမဲရောင်ကားတစ်စီးအား
မှီကာစတိုင်ကျကျရပ်စောင့်နေသည့်။
သက်လတ်ပိုင်းယောက်ျားတစ်ဦးအားးကြည့်ကာ
ကလေးမိဘများသည် တစ်ခွန်းစနှစ်ခွန်းစ
ပြောဆိုနေကြသည်။

''ဘယ်သူလဲဟယ် ချောလိုက်တာများမှုန်နေရော''

''မူကြိုရှေ့မှာရပ်နေတယ်ဆိုတော့

ကလေးအဖေများလား''

''ဟဲ့ ဘယ်ကလေးအဖေကအဲ့လောက်ချောလို့လဲ''

''အို..မသိဘူး မသိဘူးကျွန်မတော့ သူ့မျက်နှာလေး
ကြည့်ရရင်ပဲအကုန်အဆင်ပြေတယ်''

''ဟုတ်ပါ့ ကလေးအဖေဖြစ်ခဲ့ရင်တောင်
လိုချင်တဲ့လူတွေတောင်လိုပုံနေမှာ''

အချင်းချင်းကြားရုံမျှသာဆိုနေပေမဲ့
သူတို့နှင့်သိပ်မလှမ်းမကမ်းမှာရပ်နေသည့်
ဂျီအွန်းအဖို့တော့ ထိုစကားများကို အတိုင်းသား
ကြားနေရသည်လေ။

ဒီလိုအဖြစ်အပျက်တွေကသူ့အတွက်တော့
အရမ်းကိုရိုးနေပြီမို့ ပုံမှန်အတိုင်းသာ
လျစ်လျူရှုလိုက်ပြီး ဆောယူကိုသာစောင့်နေလိုက်သည်။

လွှတ်ချိန်ကလည်း ဒီနေ့မှပိုကြာနေသလိုပင်။

''ဟိုဟို နည်းနည်းလေးဖယ်ပေးပါဦးဗျ!!''

ရုတ်တရက်ဆိုသလိုပင် စာအုပ်တွေတစ်ပွေ့တစ်ပိုက်
နှင့်သယ်လာသောကောင်လေးတစ်ယောက်။
ဟန်ချက်ပျက်သွားသည်ထင် သူ့ဆီသို့တန်းတန်းမတ်မတ်လဲကျလာသည်။

ရင်ခွင်ထဲသို့ခွင့်မတောင်းဘဲ ပစ်ဝင်လာသော
ကောင်လေး၏ခန္ဓာကိုယ်အားး ခါးကနေ
အနည်းငယ်ကိုင်ကာပြန်ထိန်းပေးထားလိုက်သည်။

မြေပြင်ပေါ်တွင်ဟိုတစ်စဒီတစ်စ ပြန့်ကျဲနေသော
စာအုပ်တွေကိုကြည့်ကာ ရင်ခွင်ထဲကကောင်လေးက
ကျစ်ခနဲစုတ်သတ်လိုက်သည်။

''ခက်ခက်ခဲခဲ သယ်လာရတာကို...''

မျက်မှောင်လေးတွေပင်ကျုံ့ကာ
ငြီးညူနေသောကောင်လေးက အပေါ်စီးက
ကြည့်တာတောင်တော်တော်လေးး
ချစ်ဖို့ကောင်းနေသည်ကိုတော့ ဝန်ခံရမည်။

You've reached the end of published parts.

⏰ Last updated: Jan 04 ⏰

Add this story to your Library to get notified about new parts!

Hospital playlistWhere stories live. Discover now