Part-5🌹

620 38 2
                                    

"လူနာက နွားနို့နဲ့ဓာတ်မတည့်တဲ့ မွေးရာပါ အလက်ဂျစ်ရှိသူပါ။
သောက်မိသွားရင်လည်း သတိလစ်တတ်တဲ့အထိကို ဆိုးဝါးလွန်းပါတယ်။
အယောက်တစ်ရာမှာ တယောက်ကရှိစမြဲပါ သခင်လေး"

"ဒါ‌ဆိုအခု ‌အယောက်တစ်ရာထဲက အဲ့တယောက်ကို တွေ့လိုက်ရပြီဆိုပါတော့.."

ဂျုတီကုတ်အဖြူကို၀တ်ဆင်ထားသော ဆရာ၀န်သည် ဘေးနားရှိပန်းနုရောင်ဆံသားနှင့် ကောင်လေးကို အလုံးစုံပြောပြနေပုံထောက်ရင်တော့ သေချာပေါက် သူတို့ဆေးရုံသို့ ရောက်နေတာဖြစ်သည်။

"အသက်အန္တရာယ်စိုးရိမ်ရလား ဒေါက်တာ..?"

Heeseung မှ သိလိုချင်သောကြောင့် မေးမြန်းလိုက်ခြင်းဖြစ်သည်။

JKသာတခုခုဖြစ်ရင် သူတို့ပယောဂ ကင်းမည်မဟုတ်။
သေချာပေါက်ကို ခေါင်းခံဖြေရှင်းရပေမည်။

"ဆေးရုံကို အမြန်ရောက်လာလို့ ကံကောင်းတယ် ပြောရပါမယ်။
မဟု‌တ်ရင် အသက်အန္တရာယ်စိုးရိမ်ရပါတယ်.."

"ဘယ်လောက်ထိတောင်လဲ?"

Sunghoon မှထပ်ဆောင်းမေးလိုက်ပြန်လေသည်။

"သေသွားနိုင်တဲ့အထိပါ..သေချာပေါက် သောက်ဆေးသာဆောင်ထားမယ် ဆိုရင်အလျင်မှီ သက်သာနိုင်ပါတယ်.."

"သူအခုသက်သာနေပြီပဲ..
မင်းတို့ကောင်တွေ သိပ်အစိုးရိမ်လွန်မနေကြနဲ့.."

ဆရာ၀န်အား Heeseungနှင့် Sunghoonတို့မှာ တ‌ဗျစ်တောက်တောက် အသေးစိတ်မေးမြန်းသော်ငြား ပန်းနုရောင်မှာ အေးအေးဆေးဆေး။

ဆေးရုံကုတင်ထက် လဲလျောင်းနေသော ကောင်လေးဟာလည်း မျက်နှာလေးချောင်ကျနေသည့်အပြင် ဖြူဖတ်ဖြူလျော်လေးသာ။
‌သေချာပေါက် ပင်ပန်းသည့်ဒဏ်တွေရောကြောင့် တော်ရုံနိုးမထလာပေ။

"သူနိုးလာရင်ပြန်လွှတ်လိုက်တော့.."

"ဟုတ်ကဲ့ပါသခင်လေး.."

သူတို့ရောက်ရှိနေသောဆေးရုံသည် ပန်းနုရောင်၏ privacy ဆေးရုံပင်ဖြစ်သည်။
ထို့ကြောင့်သာ ပန်းနုရောင်ဟာ အမိန့်ပေးနိုင်ခြင်း..။
မဟုတ်ပါ..ဘယ်နေရာရောက်ရောက် အမိန့်ပေးလေနိုင်သူဟု တံဆိပ်ကထုရိုက်ထားသလိုကိုဖြစ်နေသည်။

မောင်ပိုင်သော နှင်းဆီWhere stories live. Discover now