Part-1🌹

1K 58 6
                                    

အနီရောင်..
အနီရောင်တွေရဲ့ အဓိပ္ပါယ်က ရဲရင့်တယ်..ထည်ဝါတယ်..ကျက်သရေရှိတယ်..ဂုဏ်ရှိတယ်..။
ပြီးတော့ မာန်မာနလည်းရှိတယ်..။

အခြားရှု့ထောင့်က ကြည့်မယ်ဆိုရင် အနီရောင်တွေက နူးညံ့ချိန်တန်ရင် ယှဥ်ပြိုင်မှု့ကင်းမဲ့စွာနဲ့ပဲ နူးညံ့တတ်သလို တည်ရှိပြီးကာမှ စိတ်အရိုင်းဆန်ချိန်မှာလည်း ကမ်းကုန်မိမိုက်အောင် ရိုင်းစိုင်းသွားခြင်းဟန်တွေကို ဆောင်ကျည်းတယ်..။

အများသုံးစကားနဲ့ပြောရမယ်ဆိုရင် အနီရောင်တွေက ချစ်ခြင်းရဲ့ ကိုယ်စားပြုအရောင်ပေါ့..။
ဒါပေမဲ့လို့ အမုန်းတရားတွေ အတောမသတ်နိုင်တဲ့ အချိန်ရှိလာခဲ့ရင် အနီရောင်တွေက မကောင်းတဲ့ ရောင်ပြန်ဟပ်မှု့မျိုးရဲ့ နိယာမအရောင်တွေအဖြစ် သက်ရောက်လာပါတော့တယ်..။

🌹🌹🌹🌹

မည်းနက်မှောင်မိုက်နေသော ကောင်းကင်ယံထက် တည်ရှိနေသည့်အရာသည်ကား လုံးဝန်းပြည့်ဝိုင်းနေသော အဖြူရောင်လမင်းငယ်..။
လပြည့်ညဖြစ်သောကြောင့် လရောင်အောက်တနေရာတွင် ပြိုလဲချင်တိုင်းပြိုလဲနေသည်များမှာ Parkစံအိမ်တော်ကြီးရှိ ခြံဝန်းကျယ်ကြီးထဲမှ ဂရုတစိုက်အလေးပေး စိုက်ပျိုးထားခြင်းခံရသော အနီရောင်တောက်တောက် နှင်းဆီတွေ ဖြစ်သည်။

ညလေပြေလေးတချက် ကျီစားတိုးဝှေ့လိုက်ရုံဖြင့် အတိုင်းအဆမဲ့စွာ ယိမ်းနွှဲ့လိုက်ပါသွားသော အနီရောင်နှင်းဆီတွေ. ။
လေပြေလေညှင်းရဲ့ဒဏ်ကိုတောင် မခံနိုင်တော့သည်အထိ နှင်းဆီနီတွေ ဘယ်လောက်ထိ ပင်ပန်းနေလိုက်မလဲဆိုတာဟာ သက်သေ..။

ဥတုရာသီဒဏ်များစွာကို ဥပေက္ခာပြုကာ လှလှပပလေးရှင်သန်ရခြင်းတွေဟာ အနီရောင်နှင်းဆီတွေ၏ ဤစံအိမ်တော်ကြီးပိုင်ရှင်မှ ပုံသေချမှတ်ထားသော စည်းကမ်းချက်တွေ..။

ဘယ်သူက ဒီလိုစည်းကမ်းတွေကို ချမှတ်ထားတာလဲ??
ဒီနှင်းဆီတွေရဲ့ပိုင်ရှင်..
ဒီခြံဝန်းရဲ့ပိုင်ရှင်..
ဒီစံအိမ်တော်ကြီးရဲ့ ပိုင်ရှင်..
ပန်းနုရောင်တွေ၏ အရှင်သခင် Park Jimin အမည်ခံရှိသူဖြစ်သည်။

သန်းခေါင်ယံအချိန်တိုင်း တိုးတိတ်စွာ အလှပဆုံးညှိုးနွမ်းနေသော နှင်းဆီတွေဟာ အနီရောင်တွေနှင့်မှ မလိုက်ဖက်စွာ အပျက်ပျက်ကို ပြိုယွင်းနေသည်မှာ ကြည့်ရုံဖြင့်တန်းသိနိုင်ပေသည်။
ညအချိန်အခါကို အခွင့်ကောင်းယူပြီး အမြင့်တ​နေရာက လက်လှမ်းမမှီသော လမင်းငယ်အား ရင်ဖွင့်ငိုကြွေးပြရင်း ပြိုလဲကျဆင်းချင်စိတ်တွေက အပြည့်..။

မောင်ပိုင်သော နှင်းဆီWhere stories live. Discover now