ဒီနေ့တော့ Hyung နဲ့အတူ shopping ထွက်
ရအောင်လို့ သွားခေါ်မို့ Hyung ရှိနေတဲ့studio ကိုလာခဲ့လိုက်တာ တံခါးမခေါက်တော့ပဲအနောက်ကနေစမယ်ဆိုပြီး တံခါးကိုဖွဖွလေးဖွင့်လိုက်တာ မြင်ရတဲ့မြင်ကွင်းကြောင့်စိတ်တိုပြီးပြန်ထွက်လာခဲ့တယ် ဘာလို့စိတ်တိုရတာလဲလဲမသိဘူး ဘာမဟုတ်တဲ့
ကိစ္စပေမဲ့သူ့ကိုစိတ်တိုစေတယ်
ငါတကယ်ပဲဘာဖြစ်ချင်နေတာလဲ
Ruto မြင်လိုက်ရတဲ့မြင်ကွင်းက
Hyung studio ထဲဂျောင်ဝူးကလာအိပ်နေတာ
အဲ့တာကိုHyung ကပြုံးကြည့်ပြီး ဂျောင်ဝူးဆံပင်လေးကိုသပ်ပေးနေတာ ဒါလေးပါပဲ
Hyung ကျွန်တော်ကိုတောင်အဲ့လိုမဆက်ဆံတော့တာကြာပြီလေ ဘာလို့ဂျောင်ဝူးကျအဲ့လိုလုပ်နေတာလဲ Shopping လဲမသွားချင်တော့တာနဲ့
Studioထဲပဲဝင်ခဲ့တော့တယ်
တစ်နေကုန်စိတ်မကြည်တော့ပဲ မျက်နှာကြီးဆူ
ပုတ်နေလို့ Asahi Hyung ပါမေးတဲ့အထိပဲ
Hyung နဲ့အတူစကားမပြောဖြစ်တာတစ်လ
ဖြစ်တော့မယ် Hyung ဘက်ကလဲလာမပြောသလို ကျွန်တော်လဲသွားမခေါ်ဘူး
ကျန်တဲ့ member တွေကတောင် Yoshi နဲ့ Ruto အရင်ကနဲ့မတူဘူးပြောတိုင်း Hyung ကရယ်
ရယ်မောမောနဲ့ မင်းတို့ပဲအဲ့လိုထင်နေကြတာ
မဟုတ်ဘူးလာလို့ပဲ ပြန်ပြောနေတော့တယ်
တဖြည်းဖြည်းနဲ့သိလာတာ Hyung နဲ့စကားမပြောပဲနေနေတာပေမဲ့ တကယ်ကသူမနေနိုင်ဘူးဖြစ်နေခဲ့တာ အရင်ကHyung ရဲ့ဂရုစိုက်မှုအူကြူးကြူးလုပ်မှုတွေကိုမွန်းကြပ်တယ်လို့ထင်ခဲ့ပေမဲ့ အခုတော့အဲ့လိုပြုမှုတာလေးတွေကိုလိုလိုလားလားနဲ့ကိုလိုချင်နေတာ သူ့အပေါ်ကလေးလိုဆက်ဆံတဲ့ Hyung ကိုတကယ်လွမ်းနေတာ Yoshi Hyung ကျွန်တော်ကို
တကယ်ပဲဘယ်လိုအကျင့်လုပ်ပေးခဲ့တာလဲ အရင်ကအနားကပ်ပြီးစကားတတွတ်တွတ်ပြောနေတဲ့Hyung ကိုပြန်လိုချင်တယ် သူများတွေအပေါ်
ပါးချိုင့်လေးပေါ်အောင်ပြုံးပြတတ်တဲ့အပြုံးတွေကိုကျွန်တော်ပဲမြင်ချင်တယ်
ကျွန်တော်ကိုကျွန်တော်လဲနားမလည်တော့ဘူးTime skip
နှစ်ကုန်ခါနီးမို့ အားလပ်ရက်ရကြတာနဲ့ member တစ်ချို့ကျအိမ်ပြန်ကျတယ် ဂျပန်members ဖြစ်တဲ့သူတို့ပဲ အသွားအပြန်
ပင်ပန်းမှာနဲ့ Dorm မှာကျန်နေခဲ့တာ-
Asahi: Ruto ahh ငါတို့တစ်ခုခုချက်စား
ရအောင် Yoshi hyung ကိုသွားခေါ်လိုက်DormမှာYoshi တစ်ယောက်ပဲကျန်ခဲ့တာဘာမှမစားရသေးဘူးထင်တယ်ငါက
ချက်ပြုတ်ဖို့ပြင်ဆင်လိုက်ဦးမယ်
Ruto: မသွားချင်ပါဘူးHyung ကလဲဖုန်းဆက်ခေါ်လိုက်လဲရတာပဲကို
Asahi: ဆက်ကြည့်ပြီးပြီ မကိုင်လို့ Hyunsuk Hyung ကိုဖုန်းဆက်မေးတော့ သူ့အိမ်မပြန်ခင်တော့ Yoshi အခန်းထဲဝင်အိပ်နေတာတွေ့လိုက်တယ်တဲ့ သွားခေါ် Ruto kun
Ruto : 네 hyungYoshi Dorm -
Dorm password သိနေတာနဲ့ Ruto ဒီတိုင်းဖွင့်
ဝင်ခဲ့တယ် Hyung နှစ်ယောက်လုံးအိမ်ပြန်ကျတော့တိတ်ဆိတ်နေရော Yoshi Kun အခန်းရှေ့တံခါးခေါက်လိုက်တယ်
ဒေါက်- ဒေါက် Hyung- - Yoshi Hyung
Asahi Hyung ကထမင်းအတူစားမလို့အောက်ထပ်ကိုဆင်းလာပါတယ် Hyung ကြားလား??
Yoshi Hyung .....
ပြန်ဖြေသံမကြားတာနဲ့ တံခါးဖွင့်ပြီးဝင်ခဲ့
လိုက်တယ် စောင်ပုံကြားထဲကွေးအိပ်နေတဲ့Hyung ကတကယ်ကြောင်ပေါက်လေး
အတိုင်းပဲ နှိုးမယ်ဆိုပြီး
Yoshi Kun ....အားး ကိုယ်တွေပူကျစ်နေတာပဲ
Ruto တကယ်စိတ်ပူသွားတာ အခန်းထဲကမီးကိုပြေးဖွင့်ပြီး Hyung " ကြားရလား ထပါဦး တစ်ကိုယ်လုံးချွေးတွေနဲ့ Hyung .......
Ruto ထူပူပြီးဘာလုပ်ရမလဲမသိတော့ဘူး
Hyung ပြင်းပြင်းထန်ထန်ဖျားတာကိုမမြင်ဖူးဘူး Covid တုန်းကလဲလာကြည့်လို့မရခဲ့တော့သေချာမသိခဲ့ဘူး အခုHyung ကဖျားလို့ငြီးပါငြီးနေတာ သူလန့်ပြီးနောက်ထပ်ကAsahi ကိုပြေးပြောမယ်လုပ်တော့ သူ့လက်ကိုလာကိုင်တဲ့
Hyung
Ruto ...Ruto လား
ဟုတ်တယ်Hyung ဘယ်လိုဖြစ်တာလဲ
ဖျားနေတာကို ဘယ်သူ့ကိုမှာလဲမပြောဘူး
Hyung ကကလေးလားအဲ့လိုတွေပြောပြနေ
မှသိမှာလား ဖျားနေလဲကျွန်တော်ဆီ
ဖုန်းဆက်လေ
Yoshi: hyung ဘာမှမဖြစ်ပါဘူး
Ruto: ဒါကဘာမှမဖြစ်တာလားတစ်ကိုယ်လုံးချွေးတွေနဲ့ လူကငြီးပါငြီးနေပြီး လာထလို့ရလား ကျွန်တော်ချီမယ် ဆေးရုံသွားရအောင်
Yoshi: ညနေကခေါင်းကိုက်လို့ခဏအိပ်လိုက်တာ အခုဖျားတော့တာပဲ ဆေးရုံမသွား
ချင်တာမို့ဆေးပဲသောက်လိုက်မယ်လေနော်
Ruto: ဒီhyung ကတော့လေ အခုတော့ဆေးသောက်လိုက် ညထိမှမသက်သာရင်ဆေးခန်းသွားရမယ်နော် ကြားလားHyung ဒါနဲ့ဆေးရောရှိရဲ့လားမရှိရင်သွားဝယ်လိုက်မယ် စားဖို့တစ်ခုခုပါဝယ်ခဲ့မယ် မကြာမှာမို့ခဏလေးစောင့်နေနော်Hyung ချက်ချင်းပြန်လာခဲ့မယ် တစ်ခုခုဆိုဖုန်းဆက်နော်
Yoshi : omm Ruto ahh ကျေးဇူးနော်
Ruto : ဘာကျေးဇူးလဲHyung
ကျွန်တော်မကြိုက်ဘူးနော် ခဏပြန်အိပ်
လိုက်နော်ဆေးသွားဝယ်လိုက်မယ်
YOU ARE READING
Our long-standing relationship🦋🐯
Short StoryYoshinori- မျက်စိအောက်မှာတဖြည်းဖြည်းအရွယ်ရောက်လာတဲ့ကလေးလေး Ruto အခုနောက်သူနဲ့ကျွန်တော်ရဲ့ဆက်ဆံရေးကတဖြည်းဖြည်းဝေးကွားသွာသလိုခံစားနေရတယ် Haruto - အတူတူရှိနေခဲ့တဲ့အချိန်တွေကအကြာကြီးရှိနေခဲ့ကြတာ အခုကျမှဘာလို့Hyung ကိုမြင်နေရရင် အရင်လိုပွင့်ပွင့်လင်းလင်...