လမ်းခွဲပြီး၁ပတ်အကြာမှာရူတိုမြင်လိုက်ရတဲ့သတင်းကရင်ထဲကိုဆို့နင့်နေအောင်ခံစားလိုက်ရတယ် ကိုကိုပြောတဲ့သူတကယ်ချစ်ရတဲ့လူဆိုတာအဲ့ကောင်မလေးလား
Naver New ရဲ့သတင်းခေါင်းစဉ်မှာ Treasure's Yoshiနဲ့ model မလေးတယောက်နဲ့Dateနေကြတယ်ဆိုတဲ့ပုံနဲ့သတင်းကိုမြင်ပြီးထဲကရူတို
ကမ္ဘာပျက်သလိုပါပဲကိုကိုနဲ့လဲလုံးဝအဆက်အသွယ်မရသလို
Members တွေအားလုံးကလဲအံ့ဩနေကြတယ်သူတို့ကိုလဲဘာမှမပြောသလို Yoshi ကဒီလိုလုပ်မဲ့လူစားမျိုးမှမဟုတ်ဘူးဆိုတာ သူရောmembers တွေရောကအသိဆုံးပဲအဲ့နေ့ပြီးထဲကကိုကိုကDorm မှာလဲမနေတော့သလို Japan ကိုခဏခွင့်ရက်နဲ့ပြန်သွားတယ်ဆိုတာကလွဲပြီးကျန်တဲ့အကြောင်းအရာတစ်ခုမှကိုမသိရတော့ဘူး
Hyunsukဖြစ်ပျက်သွားတဲ့အဖြစ်အပျက်တွေကိုတကယ်မယုံနိုင်ဘူး သိပ်ချစ်ကြတဲ့သူ့ရဲ့ညီနှစ်ယောက်ကဒီလိုဖြစ်လာတယ်ဆိုတာကိုလက်သင့်မခံနိုင်ဘူးဒီကလေးတွေဘယ်လောက်ထိတစ်ယောက်ကိုတစ်ယောက်ချစ်ကြလဲသူအသိဆုံးမို့ဒီကိစ္စမှာတစ်ခုခုမှားနေပြီလို့ထင်နေမိတယ် လမ်းခွဲပြီးထဲကပျောက်နေတဲ့Yoshi အတွက်လဲစိတ်ပူသလို သတင်းကြားပြီးထဲအခန်းထဲကနေမထွက်တော့ပဲအခန်းအောင်းနေတဲ့ Ruto အတွက်လဲစိတ်ပူမိလို့စကားသွားပြောမှရမယ်ဆိုပြီး
Hyunsuk: ရူတိုရာ အိပ်နေလားအကိုခဏဝင်ခဲ့မယ်နော်
ပြောပြီးပြီးချင်းတံခါးဖွင့်ဝင်လိုက်တာနဲ့အခန်းတစ်ခုလုံးမှောင်မဲနေပြီး အိပ်ရာပေါ်မှာမှောက်လျှက်ရှိနေတဲ့ရူတို အခန်းတစ်ခုလုံးလဲပွစာကြဲနေသလို beer ဗူးခွံတွေတစ်ချို့တစ်ဝက်နဲ့
သူ့ဘဝမှာရူတိုဒီလောက်ထိပြိုလဲနေတာကိုအခုမှပထမဆုံးအကြိမ်မြင်ဖူးချင်သာ စိတ်ဓာတ်သန်မာတဲ့ကလေးကဒီလောက်ထိတောင်အချစ်နဲ့ထိတွေ့တော့ပြိုလဲလွယ်တယ်တဲ့လားHyunsuk: ရူတိုရာ အကိုတို့စကားပြောရအောင်
Ruto: hyung ကျွန်တော်ဘာမှမပြောချင်ဘူး ကျွန်တော်ကိုလွှတ်ထားပေးပါ
Ruto ရဲ့အသံဩရှရှလေးမှာငိုသံတွေရောထွေးနေတာကို hyunsuk သတိထားမိလိုက်တယ်
YOU ARE READING
Our long-standing relationship🦋🐯
Short StoryYoshinori- မျက်စိအောက်မှာတဖြည်းဖြည်းအရွယ်ရောက်လာတဲ့ကလေးလေး Ruto အခုနောက်သူနဲ့ကျွန်တော်ရဲ့ဆက်ဆံရေးကတဖြည်းဖြည်းဝေးကွားသွာသလိုခံစားနေရတယ် Haruto - အတူတူရှိနေခဲ့တဲ့အချိန်တွေကအကြာကြီးရှိနေခဲ့ကြတာ အခုကျမှဘာလို့Hyung ကိုမြင်နေရရင် အရင်လိုပွင့်ပွင့်လင်းလင်...