*uni*
ကို့အပိုင် ဘာတွေချက်နေတာတုံး ဟမ်
ဟမ် ကင်မ်ဗွီ! ဘယ်တုံးကနိုးလာတာလဲ
အသက်ချက်နေတဲ့ ဟင်းအနံ့ကြောင့်နိုးလာတာ
ဖယ်စမ်းပါ ဘာလို့ခါးကိုလာဖက်ထားတာလဲ!
ကို့အပိုင် ခါးကိုဖက်တာ ဘာဖြစ်လဲ
ဘယ်သူကမင်းအပိုင်!လွှတ်နော်! ငါမကြိုက်ဘူး ကင်မ်ဗွီ
မလွှတ်ချင်တော့ဘူး ဒီခါးသိမ်သိမ်လေးကိုတကယ်စွဲလမ်းနေပြီ
လွှတ်မလား ဒါမှမဟုတ် ဒီချက်ထားတဲ့ဟင်းတွေ အကုန်သွန်ပစ်လိုက်ရမလား
သွန်တော့မသွန်လိုက်ပါနဲ့ လွှတ်ပါ့မယ် အသက်ရာ
ဟုတ်ပြီ သွားထိုင်နေတော့ ထမင်းခူးခဲ့ပေးမယ်
အမိန့်အတိုင်းပါ ကို့အပိုင်
______________________________________
ကင်မ်ဗွီတစ်ယောက်စားပွဲမှာထိုင်စောင့်နေရင်းဟင်းခွက်တွေကိုင်ကာထွက်လာတဲ့ဂျောင်ဂုရဲ့ခွက်ထဲကဟင်းတွေကိုလှမ်းကြည့်လိုက်တော့ဇောချွေးပါပြန်လာရသည်။
ထယ်ကအစပ်မစားဘူး မင်းကတော့အစပ်စားတယ်မလားကင်မ်ဗွီ
ဟမ် ကို....
အမွှာတွေဆိုပေမဲ့လဲ မတူလောက်ဘူးမလား
ဘာလို့အဲ့လိုထင်ရတာလဲ
မသိဘူးလေ ငါက ထယ်နဲ့ပဲအနေများတော့ထယ့်အကြောင်းပဲသိတယ်။
ဂျောင်ဂုပြောစကားကို ကင်မ်ဗွီက ခပ်ဟဟရီရင်းခေါင်းခါလိုက်သည်။
တော်တော်သိတာပဲ ကင်မ်ထယ်ယောင်းအကြောင်း
ဒီထက်သိတာတွေအများကြီးရှိတယ်
ဒါဆို ဘာလို့ ကို့ကိုမမှတ်မိတာလဲ အသက်?
ဟမ် မင်း ဘာတွေပြောနေတာလဲ
ဘာမှမဟုတ်တော့ဘူး အသက် စားရအောင် ကို ဗိုက်ဆာနေပြီ
__________________________________
အဲ့ရေပဲသောက်မနေနဲ့ ထမင်းလဲစားအုံးလေ ကင်မ်ဗွီ
စပ်တာကိုး ကို့အသက်ရဲ့
YOU ARE READING
MINE!
Fanfiction"ခြေသလုံးသွယ်သွယ်လေးတွေက ဒီကောင့်ပုခုံးပေါ်မှာရှိနေရင်ပိုလှမှာ သိလား အသက်" Twin-Kim Taehyung & Kim V စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်သည်။ *Uni ver & Zawgyi ver*