🖤Chapter -18🖤Final

4.1K 213 8
                                    

Unicode >>

🖤DADY🖤

တစ်ပတ်ခန့်ကြာသော်-

ဒီနေ့တော့ jimin ကိုယ့်ဘာသာ ကိုယ့်ကျောင်းသွားရမည် အရင်နေ့က dady လိုက်ပို့ပေ့မယ် ဒီနေ့ အရေးကြီးအစည်းအဝေးရှိတာကြောင့် dady က ရုံးကိုအစောသွားနှင်နေပြီဖြစ်သည်

jimin လည်း ဆိုင်ကယ် ကိုစက်နှိုးပြီခြံထဲကမောင်းထွက်သွားလိုက်သည် jimin ထွက်သွားတယ်ဆိုရင်ပဲ သူနောက်ကို ကားတစ်စီးက လိုက်သွားသည်

jimin ဆိုင်ကယ်ဘက်မှန်က သူနောက်ကိုပဲလိုက်နေတဲ့ကားကို မယုံသင်္ကာ ဖြစ်လာသည်
ဒါကြောင့် သူလူရှင်းတဲ့နေရာကိုမောင်းလိုက်သည် ကားကတော့သူ့ကထပ်ကြပ်မကွာ လိုက်လာနေတုန်းပင်
jimin က ဆိုင်ကယ်ကိုရပ်ပြီး ထိုကားဆီကိုသွားလိုက်သည်
ထိုနောက် ကားမှန်ကို ခေါက်လိုက်တော့ အထဲကမှန်ချလာသည်

"ဒီမှာ ခင်ဗျားတို့ ကျွန်တော်နောက်လိုက်နေတာ ဘာကြောင့်လဲ"

"လူကြီးမင်း အတွက်အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ် ကျွန်တော်က တာဝန်အရလုပ်နေရတာပါ"

"အပိုတွေမပြောစမ်းပါနဲ့ ကျွန်တော်ဆီက ဘာလိုချင်တာလဲ "

"လူကြီးမင်းကို ကျွန်တော် တို့နဲ့ နေရာတစ်ခုကို လိုက်စေချင်ပါတယ်"

"ဘယ်ကိုလဲ "

"အရင်ဆုံး ကားပေါ်တက်လိုက်ပါ"

"ခင်ဗျားတို့ကိုယုံလို့ရလို့လား"

"ဒါက လူကြီးမင်း သဘောပါ ကျွန်တော်တို့က လူကြီးမင်း ကို သခင်ကြီးဆီခေါ်သွားပေးဖို့တာဝန်ရှိတယ်"

jimin ခဏတွေးနေလိုက်သည် သူကိုဘယ်သူ့ကတွေ့ချင်နေတာလဲ?
နောက်တော့ jimin ကားတံခါးဖွင့်ပြီ တက်သွားလိုက်သည်

................

ခမ်းနားထည်ဝါတဲ့ အိမ်ကြီးတစ်အိမ်ထဲကို ကားကမောင်းဝင်လာသည် jimin လမ်းတလျှောက်လုံး အကဲခတ်ပြီး လိုက်လာခဲ့တာ ဘာမှမဖြစ်..
ထိုနောက် ကားက အိမ်ဝင်ဝမှာရပ်လိုက်သည် ပြီတော့လူတစ်ယောက်က jimin ကိုကားတံခါးဖွင့်ပေးလာသည် jimin လည်းကားထဲက ဆင်းပြီ အိမ်ကြီးကိုအကဲခတ်နေသည်

❝𝗗𝗔𝗗𝗬❞(Completed )Where stories live. Discover now