"Tae နိုးလာပြီလား ကလေး"
"အား....Hyung ကျွန်တော့်အခန်းထဲဘယ်လိုရောက်နေတာလဲ အ့"
"အိူး ဖြေးဖြေး Tae မင်းဒဏ်ရာက မပျောက်သေးဘူး ငြိမ်ငြိမ်လေးနေ"
Hoseok လည်း Taehyung နာမှာစိုးလို့ ပြောလိုက်သည်...Taehyungလည်း အိပ်ယာပေါ်သာ လှဲနေရသည်...ဒဏ်ရာက သိပ်ပြင်းထန်သည်မို့...ခေါင်းအုံးမှီပြီးတောင် မထိုင်နိုင်ပေ....
"မင်းကလည်းကွာ ဘာလို့ အမေလုပ်သမျှခံနေရတာလဲ"
"Hyung ရယ် ကျွန်တော့်အမှားမို့လို့ပါ"
"အမှားဖြစ်လည်း ဒီလောက်ထိခံစရာမလိုဘူးလေ"
"ထားလိုက်ပါ Hyungရယ် ကျွန်တော် ငယ်ငယ်ကတည်းက ခံလာရတာပဲ ဒီလောက်က ပါမွှားလေးပါ အား"
"ကြည့် နာနေတယ်မဟုတ်လား"
"ဟဲ"
ဘယ်လောက်ပဲ သည်းခံတယ်ထားအုန်းတော့ ကိုယ့်အတွက်ဒဏ်ရာရစေမယ့်ဟာဆို သည်းမခံသင့်ဘူးလေ...Taehyungက ပညာမဲ့တစ်ယောက်ဆိုပေမယ့် ..အသိဉာဏ်တော့ရှိသေးသည်...သူ့အသိဉာဏ်နဲ့ ဒါကိုသိသင့်သည်...သို့သော် သူဟာ ရိုးသားသူမို့ ဖြူစင်သူမို့...
"မင်း ဘယ်အချိန်ထိ ဒီလိုခံနေအုန်းမှာလဲ...မင်းလည်း အရွယ်ရောက်နေပြီ...ကိုယ်လွတ်ရုန်းသင့်ပြီ"
Hoseok ဆေးထည့်ပေးရင်း ပြောလိုက်သည်...
"ကိုယ်လွတ်ရုန်းတယ်ဆိုတာ တစ်ကိုယ်ကောင်းစိတ်ရှိတဲ့သူတွေပဲလုပ်ကြတာ...ကျွန်တော့်မှာ အဲ့စိတ်လည်းမရှိဘူး မွေးလည်းမမွေးချင်ဘူး..ပြီးတော့ ကျွန်တော့်မှာ တွယ်တာစရာ ဒီလူတွေပဲရှိတာလေ..."
"ဒီလောက်ထိနှိပ်စက်နေတာ မင်း အတွက်တွယ်တာစရာလူလား"
Hoseok ကမကျေမနပ်ဖြင့်မေးလိုက်သည်...သူဟာTaehyungကို အတော်ချစ်သည်...ငယ်ငယ်ကတည်းက ညီလေးလိုချင်ခဲ့တာ မရခဲ့ ဒါကြောင့် Taehyungရောက်လာပြီးကတည်းက သူနဲ့ညီအစ်ကိုလိုပင်...သူကာကွယ်ပေးချင်သည်...သို့သော်သူ့မှာ ကာကွယ်နိုင်တဲ့အင်အားမရှိခဲ့..
"သိပ်ဟုတ်တာပေါ့ အရင် လူတွေတုန်းကဆို ကျွန်တော့်ကို ခွေးလို၀က်လို မောင်းထုတ်ကြတာ...ခုဆရာနဲ့ ဆရာကတော် က မောင်းမထုတ်ဘူးလေ..ဒီအချက်က ကျွန်တော့်ကိုတွယ်တာစေတာပေါ့..ပြီးတော့Hyungကြောင့်သာ သံယောဇဥ်မပြတ်နိုင်ခဲ့တာပါ"
YOU ARE READING
♡Be My Husband♡
FanfictionTae-ဘာလို့ကျွန်တော်မဟုတ်တာလဲ.....ကျွန်တော်သဘောကျတဲ့သူတွေက ဘာလို့တစ်ခြားသူကိုပဲ ငေးကြည့်နေရတာလဲ ကျေးဇူးပြုပြီး ကျွန်တော့်ဘက် တစ်ချက်လောက်ကြည့်ပေးလို့မရဘူးလား Sir.....