*ဖြန်းဖြန်း*
"အား နာတယ် ဆရာကတော် မရိုက်ပါနဲ့ အား"
"နာရင် နာတယ်လို့မှတ် ကဲဟာ"
*ဖြန်းဖြန်း*
"အာ့ ကျွန်တော် အား တောင်းပန်ပါတယ် အဟာ့ မရည်ရွယ်ပါဘူး အဟင့်"
"မရည်ရွယ်ဘူးဟုတ်လား မင်းဖျက်ဆီးလိုက်တဲ့ ပစ္စည်းတန်ဖိုးက ဘယ်လောက်လဲ မင်းသိလား"
"သိ သိပါတယ် ၀မ်သိန်း၇၀၀ တန်ကြွေပစ္စည်းပါ"
"အေး အဲ့တန်ဖိုးက မင်းတို့ ဆယ်သက်စားတောင် မကုန်ဘူး ဒါကို ဖျက်ဆီးပစ်တယ်"
"ကျွန်တော် မတော်တဆလို့ ဆရာကတော့်ကိုပြောပါတယ်"
Taehyungလည်း ပြန်ပြန်ပြောလေသည်..သူ့ရဲ့ပြန်ပြောမှုကြောင့် ဆရာကတော်ကို ပိုလို့ပင်ဒေါသထွက်စေရသည်...ငယ်ငယ်ကတည်းက အရိုက်ခံရပေမယ့် ခုကျအရမ်းဒေါသထွက်နေတာမို့ ရိုက်ချက်တွေက ပြင်းလှသည်...
"ငါ့ကို ကပ်ကပ်လန်ပြန်ပြောနေတာ ဒီလို စောက်ကျင့်တွေဘယ်ခွေးဆီက တတ်လာတာလဲ"
*ဖြန်း ဖြန်း*
"အား မလုပ်ပါနဲ့ နောက် နောက် မပြောတော့ ပါဘူး အဟင့်"
ဒဏ်ရာမှာ ပြင်းတာကြောင့် ကျောပြင်၌သွေးကြောင်းများတောင် ပေါ်လို့လာသည်..အနာရှိန်ကြောင့်လည်း ယောက်ျားကြီးတန်မဲ့ ငိုနေရသည်..ဒီလို ခံနေရပေါင်းလည်းမနည်းပါ့လား အင်းပေါ့ ကိုယ်က အိမ်ခြေယာမဲ့လေ သူများအိမ်မှာ ကပ်နေရဖို့ဆို ဒီလောက်က ခံရမှာပဲ
မိမိကျောပြင်ပေါ်သို့ အဆက်မပြတ်ရောက်လာသော ကြိမ်ဒဏ်တွေ....လူလည်းမခံနိုင်တော့ ကြမ်းပြင်ပေါ်သာ ခွေပြီး ရိုက်နေတဲ့ဒဏ်ကိုခံနေရသည်...ပြန်ခုခံဖို့လည်း အားမရှိတော့ပေ ခုခံလေ ပိုရိုက်လေ ဆိုတော့ ဆရာကတော်စိတ်ပြေတဲ့ထိ ခံနေရမှာပဲလေ အမေသာရှိရင် ကာကွယ်ပေးအုန်းမှာ...
*ကလောက်*
"ဟာ အမေ့ ဘာလုပ်နေတာလဲ"
သားဖြစ်သူက မေးတော့ မှရပ်တန့်သွားသော ရိုက်နှက်ချက်များ...
"Taehyung Taehyung!"
Taehyung ကို ခေါ်လို့မရတော့ အရှိန်ပြင်းလွန်းတာကြောင့် သတိလစ်သွားသည်ထင်...ထိုတော့ Hoseok က အမေဖြစ်သူကိုမော့ကြည့်ကာ...
YOU ARE READING
♡Be My Husband♡
FanficTae-ဘာလို့ကျွန်တော်မဟုတ်တာလဲ.....ကျွန်တော်သဘောကျတဲ့သူတွေက ဘာလို့တစ်ခြားသူကိုပဲ ငေးကြည့်နေရတာလဲ ကျေးဇူးပြုပြီး ကျွန်တော့်ဘက် တစ်ချက်လောက်ကြည့်ပေးလို့မရဘူးလား Sir.....