*ကံကြမ္မာကတွေ့ဆုံဖို့ရာ ဖန်တီးပေးခဲ့ပါသည် *
Dec 31 ,1998ခုနှစ် လူသိနည်းသော ဆေးရုံတစ်ခု၏ သားဖွားဌာနရှိ ခွဲစိတ်ခန်းရှေ့တွင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေသော အသက် 30ကျော်လူတစ်ယောက်
ထိုလူအပြင်ဘေးနားတွင်လဲ ဘုရားစာရွတ်ကူနေကြသော သူနှစ်ယောက်လဲရှိ၏။အချိန်ခေတ္တမျှကြာပြီးနောက် ခွဲစိတ်ခန်းတံခါးပွင့်လာကာ ဆရာ၀န်နှင့်nurseအချို့လဲထွက်လာကြသည်။ ထိုထဲမှNurseတစ်ယောက်မှ
"ကိုသုတရှိလားရှင့်"
"ဟု...ဟုတ် ကျွန်တော်ပါဗျ ကျွန်တော့်အမျိုးသမီးအဆင်ပြေရဲ့လားဟင် က ကလေးရော ကျန်းမာရဲ့လား ဒေါက်တာ"
"ဟုတ်ကဲ့ သားလေးမွေးပါတယ်ရှင့်
ကလေးရောလူကြီးရော ကျန်းမာပါတယ် ခဏနေ အခန်းပြောင်းပေးပြီးရင် ၀င်ကြည့်လို့ရပါပြီရှင့်""ကျေးဇူးပါဒေါက်တာရယ် ကျေးဇူးပါ"
နာရီ၀က်ခန့်ကြာသော်
"လူနာကိုအခန်းပြောင်းပေးပြီးပါပြီရှင့် လူနာလဲသတိရလာပြီမို့ ၀င်တွေ့လို့ရပါပြီရှင် ကလေးကို ခဏနေရင်လာပို့ပေးပါ့မယ်ရှင့်"
"အေးကွယ်
လာ သားရေ အမေတို့ ၀င်ကြည့်ရအောင်""ဟုတ်အမေ"
"သစ် သက်သာလား နေရထိုင်ရအဆင်ပြေရဲ့လား"
"နည်းနည်းတော့ပင်ပန်းနေသေးတယ် ကိုရယ်
ဒါနဲ့ သစ်တို့ကလေးလေးရောဟင် ကျန်းမာရဲ့လား ဘာလေးတဲ့လဲဟင်""ကလေးက ကျန်းမာပါတယ် သားလေးမွေးတာသစ်ရဲ့ ခဏနေကလေးကိုလာပို့ပေးမယ်တဲ့
ခဏနားဦးနော် ပင်ပန်းထားတာဆိုတော့သေချာအနားယူလိုက်ပါဦး""ဟုတ် အကို"
ကျွီ.....တံခါးသံအဆုံး ကလေးပိုက်ကာ ၀င်လာသော nurseကိုတွေ့တွေ့ခြင်းကျွန်တော်အပြေးသွားမိသည်
"အကိုတို့ကလေးပါရှင့် ကလေးအတွက် ကျန်းမာရေးစစ်ဆေးချက်တွေအကုန်လုပ်ပေးထားပါတယ်
ကျန်းမာပါတယ်ရှင့် အချက်အလက်တွေကို ဆေးကောင်တာမှာ လာထုတ်လို့ရပါပြီရှင့်"
YOU ARE READING
Our Destiny ✨
Teen Fiction*ကံကြမ္မာကပဲတွေ့ဆုံဖို့ ဖန်တီးပေးခဲ့သလို ကံကြမ္မာကပဲခွဲခွာစေခဲ့ပြန်တယ် အချစ်ရယ်*