"ကိုယ့်နာမည်က ထက်မြတ်စေတန်ပါ "
"ဝါးးး နာမည်ကမိုက်လိုက်တာ
အကိုကလူမျိုးစပ်တယ်မလားဟင် နိုင်ငံခြားရုပ်ပေါက်နေလို့ ဟီးး""အင်း ကိုယ်က England နဲ့Myanmarစပ်တာလေ"
"ဟုတ်လား ထင်သားပဲ ဟီး အကိုကမြန်မာစကားလဲတော်တော်ကျွမ်းတယ်နော်"
"ကိုယ်က England သွေးပဲပါတာပါ မြန်မာမှာမွေးပြီး မြန်မာမှာပဲကြီးတာ"
"ဟုတ်လား မိုက်တာပေါ့ ကျွန်တော်က အဲ့လိုနိုင်ငံခြားစပ်ချင်တာလေ ဟီး ဖေဖေနဲ့မေမေတို့က နိုင်ငံခြားသားကိုမယူကြဘူး အိမ်ပြန်ရောက်မှစိတ်ကောက်ပစ်ဦးမယ်" ဟုဆူပုတ်ပုတ်နှင့်ပြောလာသော ထိုကောင်လေးအား
*ကိုယ့်လိုကပြားကိုယူလိုက်ပါလား*ဟုပြောချင်သောစိတ်ကိုမနည်းထိန်းချုပ်ထားရသည်။"ဒါနဲ့ကျွန်တော်တို့သွားကြတော့မလား 12လဲထိုးပြီးဆိုတော့ လျှောက်သွားကြမယ်လေ"
"သွားကြတာပေါ့ ကိုယ်Toiletခဏသွားလိုက်ဦးမယ်နော်"
"ဟုတ်အကို"
"မင်းတို့လဲဒီမှာနေခဲ့ဦး ငါလဲပိုက်ဆံသွားရှင်းလိုက်ဦးမယ်" ဟုဆိုကာ မြတ်သုတတစ်ယောက်က caisher ဆီသွားလိုက်၏။
"ဟို table no.1အတွက်ပိုက်ဆံရှင်းချင်လို့ပါ
ဘယ်လောက်ကျလဲမသိဘူး""Table no.1အတွက်က အကိုတစ်ယောက် ပိုက်ဆံရှင်းပြီးသွားပါပြီရှင့်"
Caisher အမမှပြောလာသောစကားကြောင့် အနည်းငယ်ကြောင်အသွား၏။
ကြည့်ရတာ အကိုကံရာဇာရှင်းပေးသွားပုံရသည်။
နောက်မှကျေးဇူးတင်ကြောင်းပြောရဦးမည်ဟုဆိုကာ စားပွဲသို့ပြန်လာခဲ့လိုက်၏။ခဏအကြာ အကိုJake ပြန်ထွက်လာ၏။
"သွားကြတော့မလား"
"ဟုတ်အကို ဒါနဲ့အကိုကံရာဇာကလေ ကျွန်တော်တို့စားထားတာတွေအတွက်ရှင်းပေးသွားတယ်တဲ့"
"ဟမ် ဘယ်သူပြောတာလဲ"
"Caisherကအမပြောတာ အကိုတစ်ယောက်ရှင်းပေးသွားတာတဲ့ ကျွန်တော်ကတော့အားနာလိုက်တာ အဲ့လိုမျိုးရှင်းပေးသွားတော့ "
YOU ARE READING
Our Destiny ✨
Teen Fiction*ကံကြမ္မာကပဲတွေ့ဆုံဖို့ ဖန်တီးပေးခဲ့သလို ကံကြမ္မာကပဲခွဲခွာစေခဲ့ပြန်တယ် အချစ်ရယ်*