Part 4

662 67 8
                                    

Unicode

"ပြောတော့လေ ဒီလိုကြီးထိုင်ပြီးပဲငါ့ကိုကြည့်နေမှာလား"

ဒီနေရာမှာပြောရမလား မပြောရဘူးလားစဥ်းစားနေတုန်း Kim Taehyungရဲ့စိတ်မရှည်တဲ့အသံကထွက်လာသည်။

"ပြောပါ့မယ် သေချာနားထောင်"

"အင်း"

မျက်လုံးချင်းကိုသေချာဆုံလိုက်ကာ သူကCEOတစ်ယောက်ရဲ့အရှိန်အဝါအပြည့်နှင့်စကားကိုစပြောလိုက်သည်။

"ငါကJeon Groupရဲ့CEOဖြစ်ပြီး ဆက်ခံသူမြေးနှစ်ယောက်ထဲမှာငါကအငယ်ပဲ"

"ပြောရရင်ငါ့ရဲ့ဝမ်းကွဲအစ်ကိုကသောက်စားမူးယစ်ပြီးလုပ်ငန်းခွင်မှာလည်းအသုံးမကျတာကြောင့် ငါကပဲကုမ္ပဏီရဲ့CEOရာထူးကိုဆက်ခံထားရတာ"

"ဒါပေမယ့် အခုငါ့ရဲ့ဒီနေရာကမသေချာတော့ဘူးKim Taehyung...ငါCEOရာထူးကိုဆက်ပြီးထိန်းသိမ်းထားနိုင်ဖို့ဆိုရင်လက်ထပ်မှဖြစ်မယ်"

"ငါရာထူးကိုမက်မောလွန်းလို့တော့မဟုတ်ဘူးနော် ကိုယ့်ကိုကိုယ်ကာကွယ်နိုင်ဖို့အင်အားကဒီနေရာလောက်မှာရှိနေမှဖြစ်မှာမလို့"

"ဒါဆိုလည်းလက်ထပ်လိုက်ပေါ့ မင်းလိုလူတစ်ယောက်ကကြိုက်သလောက်ရွေးနိုင်တာပဲကို"

"မဟုတ်ဘူး ငါ့အဖိုးကပါမကြာမကြာကြင်ဖက်ရွေးပေးပေမယ့် ငါနဲ့ကိုက်ညီတဲ့သူတစ်ယောက်မှမတွေ့တာခက်တာ"

သူ့စကားတွေကိုKim Taehyungကအလေးအနက်ထားပြီးနားထောင်နေကာ မျက်မှောင်ကြုံ့ပြီးစဥ်းစားနေသည်။

"အဲဒီတော့မင်းလိုချင်တာကဘာလဲ"

"လက်ထပ်ရမယ့်လူ"

"ရှာပေးရမှာလား ဘယ်လိုအသိုင်းအဝိုင်းမျိုးထဲကလိုချင်လို့လဲ"

ဂျောင်ဂုကထရပ်ကာ ထယ်ယောင်းအနားကိုလျှောက်သွားလိုက်ပြီး အနားမှာဝင်ထိုင်လိုက်သည်။

"ငါပြောချင်တာကအခုမှစတာထယ်ယောင်း"

"အင်း ပြော"

"ငါစုံစမ်းကြည့်ရသလောက်မင်းကအလုပ်ရှာနေတာဆိုတော့ မင်းကိုအကျိုးအမြတ်ရှိတဲ့အလုပ်တစ်ခုကမ်းလှမ်းမယ်"

My Fake OmegaWhere stories live. Discover now