အပိုင်း(၄၅၄)

131 14 0
                                    

အပိုင်း(၄၅၄)

[ထျန်းနင်က ကလေး မရနိုင်ဘူး]

မီဒီယာက ဇာတ်လမ်းကို ပြုပြင်ပြီး ဆေးမှတ်တမ်း နှင့် ဆက်နွှယ်သော သတင်းကို စိတ်ဝင်စားဖွယ် ကောင်းအောင် သတင်းလွှင့်သည်။

သို့သော်လည်း ထျန်းနင်ကို လှောင်ရယ်သော သူများ ရှိသကဲ့သို့ ထျန်းနင်ကို ကာကွယ်ပေးရန် ရှေ့ထွက်လာသူများလည်း အများကြီး ရှိသည်။ ပိုင်ချိုးရှန့်နှင့် ဆက်နွှယ်ခဲ့သော ပြဿနာကြောင့် ထျန်းနင်က  ပြည်သူလူထု၏ ယုံကြည်မှုများကို ပိုင်ဆိုင်ခဲ့သည်။

"ငါတော့ ထျန်းနင်ကိုယ်စား စိတ်မကောင်း ဖြစ်မိတယ်။ ဆေးစစ်မှတ်တမ်းက ကိုယ်ရေးကိုယ်တာ ကိစ္စလေ။ တစ်ယောက်ယောက်က အဲဒါကို ပေါက်ကြားအောင် လုပ်ပြီး စန်းစန်းတင့် သတင်း လုပ်တာပဲ။ သူတို့တွေ တရားလွန်တယ်"

"ငါ ငိုချင်လောက်တဲ့ အထိ အရမ်းဒေါသ ထွက်တယ်။ ထျန်းနင် ဘာအမှားလုပ်ခဲ့မိလို့ မီဒီယာက ထျန်းနင်ကို နှောင့်ယှက်ဖို့ ကပ်တွယ်နေတာလဲ။ မီဒီယာမှာ စက်ဆုပ်ဖို့ကောင်းတဲ့ လူတစ်စုနဲ့ ပြည့်နေပုံပဲ"

"ငါက မို့ထင် နဲ့ ထျန်းနင်ရဲ့ အချစ်ကို ယုံကြည်တယ်။ ထျန်းနင်ရဲ့ ခန္ဓာကိုယ်က ဘယ်လိုပဲ ဖြစ်နေဖြစ်နေ မို့ထင်က ထျန်းနင်ကို သေချာ ဂရုစိုက််မှာပဲ အကျင့်ပျက်နေတဲ့ မီဒီယာ ခွေးသူတောင်းစားတွေပဲ ရှုံးနိမ့်မှာ"

"ကာယံကံရှင်ထက် အပြင်လူတွေက မသတီစရာကောင်းတဲ့ ကောက်ချက်တွေ ချတယ်။ သားအိမ်နံရံကို ပါးစေတဲ့ တခြားအကြောင်း အရင်းတွေ အများရှိပါရဲ့နဲ့။ ခဏခဏ ကိုယ်ဝန်ပျက်ကျလို့ ဒီလို ဖြစ်ပါတယ်လို့ သမုတ်ရဲသေးတယ်။ ဟိုတလောက ထျန်းနင် ရုပ်ရှင်ရိုက်ကူးရင်း အမြင့်ပေါ်က ပြုတ်ကျသေးတယ်လေ။ အဲဒါကြောင့်လို့လည်း ထည့်ပြောလို့ရရဲ့သားနဲ့။ မဟုတ်မမှန် ကျော်မကောင်း ကြားမကောင်းတွေနဲ့ သိက္ခာချရက်တယ်"

"ထျန်းနင် နဲ့ ဟိုက်ဟွေ့ဖျော်ဖြေရေးက အမြဲတမ်း သိုသိုဝှက်ဝှက် နေတာပါ။ ဒါတောင် မီဒီယာက ဘာဖြစ်ချင်နေတာလဲ။ ဘာလိုချင်နေတာလဲ။ အဲလောက်ထိ အကြင်နာတရား ခေါင်ပါးဖို့ လိုအပ်လို့လား။ ဒီကိစ္စကို ဟိုက်ဟွေ့ဖျော်ဖြေရေးက တစ်ခုခု လုပ်ပေးဖို့ပဲ မျှော်လင့်တယ်"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now