Soo လည်း display ပေါ် က contact name ကို ကြည့်လိုက်တော့
Soo :: omo, Baekkie
Soo ဖုန်းကိုအလျင်အမြန်ကိုင်လိုက်သည်
Soo :: Yrrrr, Baekkie မ
နင် ငါ့ကို ဘာလို့ အခုမှ ဆက်သွယ်တာလဲ
Baekkie :: နင်ပြောတဲ့ ကိစ္စ ကို စဉ်းစားနေလို့လေ
Soo :: ဟုတ်ပါပြီဟာ ဒါဆို yes or no?
Baekkie :: Park Chanyeol ကို moonlight cafe shop ကို ခေါ်ခဲ့ အခုနော် နင့်ရဲ့ Kim Kai ကို ခေါ်လာလည်းရတယ် နင်တွေ့လို့ရအောင်ပေါ့
Soo :: အင်းပါ ငါခုချက်ချင်း သူတို့ကို ခေါ်လာခဲ့မယ် စောင့်နေနော်
Baekkie :: see u~~~
At moonlight cafe,
Yeol :: Soo shi, Baekkie shi က ခုချက်ချင်း လာခိုင်းတာ ဟုတ်ပါတယ်နော်
Kai လည်း နာရီ ကြည့်ပြီး
Kai :: ဟုတ်တယ် Soo အချိန်ကြာနေပြီ ငါအချိန်မှတ်ထားတာ ငါတို့ရောက်တာ နာရီဝက်ရှိပြီ Baekkie လာမှာ သေချာရဲ့လား
Soo :: သေချာပါတယ် Baekkie က မဟုတ်ဘဲမပြောတတ်ပါဘူး Soo ဖုန်းဆက်ကြည့်ပါဦးမယ်
အဲ့ဒီအချိန်မှာပဲ Baekkie တယောက် ဆိုင်ထဲဝင်လာတယ်
Baekkie :: Anneyeong!!!! စောင့်နေရတာကြာသွားပြီလား Miyanae
Omma က ကိစ္စ တခု ခိုင်းလိုက်လို့ နည်းနည်းကြာသွားတာပါ
Baekkie လည်း Soo ရဲ့ ဘေးမှာ ၀င်ထိုင်လိုက်တယ်
Yeol :: Anneyeongasayo!!! Baekkie shi:-) Baekkie shi တခုခုမှာပါဦး မောနေဦးမယ် ရေအရင်သောက်လိုက်ပါလား
Kai :: Yeol ya.... မင်းဘယ်တုန်းက အဲ့လိုလောကွတ်ပြုတတ်သွားတာလဲ ဘာလဲ Baekkie က ကူညီမယ်ဆိုလို့ ဖားနေတာလား ha ha
Soo :: ဟုတ်တယ် Soo လည်း အံ့သြနေတာ နှစ်ယောက်ကတခါမှ စကားလည်းမပြောဖူးဘဲနဲ့လေ
Kai နဲ့ Soo တို့က အဲ့လိုတွေပြောနေတော့ Baekkie လည်း ရှက်ပြီး ဘာမှမပြောနိုင်ဘဲ မျက်နှာလေးတောင် နီနေတယ် လို့ ထင်ရတယ်