pt-4

200 20 0
                                    

ဒီနေ့ကစနေနေ့ဖြစ်တာကြောင့်fourthတစ်ယောက်တိုက်ခန်းမှာတစ်ယောက်ထဲမနေချင်တာကြောင့်အောက်ထပ်ကိုဆင်းပြီးလမ်းထွက်လျှောက်ခဲ့သည်။လမ်းထွက်လျှောက်လဲပျင်းနေတာကြောင့်သူ့သူငယ်ချင်းတွေကိုဖုန်းဆက်ကအနီးအနားရှိပန်းခြံသို့ခေါ်လိုက်သည်။သူငယ်ချင်းတို့ကလဲလာမည်ဟုပြောသည်။သူတို့ကိုပန်းခြံအတွင်းသို့ခုံတွင်ထိုင်စောင့်နေ၏။စောင့်ရင်းနဲ့မထင်မှတ်ပဲnok chaiကိုတွေ့မိသည်။fourthလဲမမြင်ချင်ယောင်ဆောင်နေပင်မဲ့လဲnok chaiတစ်ယောက်fourthနားသို့ရောက်လာခဲ့သည်။အခုလိုချိန်မှာဟိုကောင်တွေရောက်လာခဲ့သင့်တာဆိုပြီးfourthတစ်ယောက်တွေးနေခဲ့မိသည်။ဒါပေမဲ့နောက်ကျသွားခဲ့သည်။

"P'fourth!!"

"အော်ဟဲ" nok chaiဘာပြောစရာရှိလို့လဲ"

*သူမကကျွန်တော့ကိုပြုံးပြတယ်ကျွန်တော်စဥ်းစားလိုက်ရတာက geminiလဲသူ့အပြုံးကြောင့်ချစ်သွားခဲ့တာလားလို့ဒါပေမဲ့ဘာပဲပြောပြောသူတို့ကပြတ်ပြီပဲလေဟုတ်တယ်မလားဟီး*

"P'fourthကိုပြောစရာရှိလို့"

"အင်းပြောလေဘာပြောမလို့လဲအကိုနားထောင်ပေးမယ်"

"ဒီလို မနေ့က ညီမတို့ကိုတွေ့တယ်မလား အကိုညီမတို့ပြတ်တဲ့ကိစ္စတွေကိုအကိုကြားတယ်မလား"

Fourthတစ်ယောက်အံ့သြသွားခဲ့သည်။သူ့ကိုမြင်ခဲ့တာလား သူကြားသွားတာကိုသိသွားတာလား သူ့ကိုမမြင်ဘူးထင်လို့ ကြည့်ခဲ့မိတာမှားတာဆိုပြီးတွေးနေခဲ့သည်။

"အဲ့ဒီပြတ်သွားတဲ့အကြောင်းအရင်းထဲမှာအကိုပါတယ်"

"ဟမ် ငါပါတယ်ဟုတ်လား"

"ဟုတ်တယ် P'geminiက အကို့ကိုကြိုက်နေလို့ ညီမကိုအကြောင်းမရှိအကြောင်းရှာပြီးဖျက်တာအကိုအဲ့နေ့ကတွေ့ခဲ့တဲ့ကောင်လေးမှာလဲ ကောင်မလေးရှိတယ် အဲ့တာကိုသူကညီမကိုဖျက်ချင်လို့အကြောင်းရှာလိုက်တာ ညီမဘက်ကလဲတွန့်ဆုတ်နေခြင်းမရှိပဲဖျက်ပေးလိုက်ပါတယ်အကိုရယ်"

*Nok chaiစကားတွေကြားပြီး ရင်တွေခုန်တာတအားမြန်နေခဲ့တယ် gemကကျွန်တော့်ကိုကြိုက်တယ်ဟုတ်လား ငါအခုအိမ်မက်များမက်နေတာလားမဟုတ်လောက်ပါဘူးnok chaiရူးနေတာလားမသိဘူးမဖြစ်နိုင်ပါဘူး*

You are my raindropWhere stories live. Discover now