226-မိစ္ဆာနတ်မင်း မင်းနေပြည်တော်ပေါ်သို့ ဆင်းသက်လာခြင်း

965 135 3
                                    

|| ငရဲမီးတောက်များတောက်လောင်လျှက်ရှိသော မိစ္ဆာနတ်မင်း မင်းနေပြည်တော်ပေါ်သို့ ဆင်းသက်လာခြင်း [ အပိုင်း ၁ ] ||

မင်းနေပြည်တော်ကို အမြန်သွားမှ ဖြစ်မယ် !

" ဒီကနောက်ဆက်တွဲကိစ္စတွေကို ကောကော စိတ်ပူစရာမလိုပါဘူး သူတို့ဟာသူတို့ ဖြေရှင်းကြလိမ့်မယ် " လို့ ဟွားချန်က ပြောလာတယ် ။

ပုရောဟိတ်ကြီးဟာ ယင်ယွိရဲ့ ရုပ်အလောင်းကို အရိုးငါးရဲ့ ကျောပေါ်တင်ပေးလိုက်တယ် ။ ဒီလိုနဲ့ အဲဒီအရိုးငါးဟာ ချွမ်ယိကျန်းပါတဲ့ အရိုးနဂါးခေါင်းခွံနဲ့ ယင်ယွိကို သယ်ဆောင်ပြီး ခပ်ဝေးဝေးဆီကို ကူးခပ်သွားတော့တယ် ။ အဲဒီအချိန် အခြားသော အရိုးငါးတွေဟာ အရိုးနဂါးကြီးရဲ့ ပြန့်ကျဲပြုတ်ကျနေတဲ့ အရိုးတွေကို ကောက်ယူဖို့ ထွက်သွားကြပြီး တစ်ခုစီပြန်လည်တွဲဆက်ယူကာ ဖြည်းဖြည်းချင်း ပြန်ပြင်နေကြတယ် ။ကြည့်ရတာ သူတို့ဟာသူတို့ ဂရုစိုက်နိုင်ကြပုံပါပဲ ။

ဖင့်နှေးနေလို့မဖြစ်ဘဲ ချက်ချင်းလက်ငင်းလုပ်ဆောင်ရမဲ့ ကိစ္စဖြစ်တာကြောင့် ရှဲ့လျန်ဟာ ဘာမှထပ်မပြောတော့ဘဲ ဧရာမနတ်ရုပ်ကြီးကို ချက်ချင်း ကောင်းကင်ပေါ် ပျံတက်စေလိုက်တယ် ။ နတ်မင်းတွေအားလုံးက အော်ပြောကြတယ် ။

" အိမ်ရှေ့စံ အရှင့်သား ဘယ်သွားမလို့လဲ ?"

" သင် သူ့နောက်ကို လိုက်မလို့ စိတ်ကူးနေတာလား !? အခုလေးတင်မှ မနည်း လွှတ်လာတာကို ...."

ရှဲ့လျန်ကပြောတယ် ။

" မလိုက်လို့ မဖြစ်ဘူး သူက လူဦးရေထူထပ်တဲ့ နေရာ တစ်ခုခုကိုသွားပြီ ! အချိန်မရှိတော့ဘူး အားလုံး သေသေချာချာကိုင်ထားကြ !"

ဟွားချန်ရဲ့ လက်ချောင်းတွေကြားက အံစာတုံးတစ်တုံး ထွက်လာပြီး အလေးအနက်လေသံနဲ့ ပြောလာတယ် ။

" ကောကော အဆင်သင့်ဖြစ်ပြီလား ?"

ရှဲ့လျန် ခေါင်းညိတ်လိုက်တယ် ။ ဟွားချန်က အံစာတုံးကို ပစ်မြှောက်လိုက်ပြီး ပြောတယ် ။

" မိုင်တစ်ထောင်ကို ကျုံစေ အစီအရင် အသက်ဝင် "

ဧရာမ ကျောက်ဆစ်နတ်ရုပ်ကြီးဟာ ဝိညာဉ်စွမ်းအားတွေကို လုံလောက်အောင် စုဆောင်းပြီး အားကုန်သုံးကာ အပေါ်ကို ထိုးတက်သွားတော့တယ် !

ထျန်းကွမ်းစစ်ဖူ (volume 5 and extra Unicode)Where stories live. Discover now