3

809 152 12
                                    

『မင်းငါ့ကိုယ်ထဲဘာပ်ထည့်လိုက်တာလဲ』

ထူယန်ရဲ့ comeback က ချောချောမွေ့မွေ့ပြီးဆုံးသွားတာကို ဂုဏ်ပြုရန်နှင့် ပြန်လည်ကြိုဆိုပွဲကျင်းပကာ ကံညံ့‌တွေဖျောက်ပေးဖို့အတွက်ဟုဆိုပြီး ချမ်းသာတဲ့မိသားစုကသခင်လေးတွေက ကွမ်နန်အုပ်စုအောက်က ဘားတစ်ခုမှာ ဆုံကြလေ၏။

သောက်ဖို့အတွက်အကြောင်းပြချက်ရှာကြတာသာဖြစ်သည်။ အစကတော့ ထူယန်မသွားချင်ပေမယ့်လည်း ရှန်ဖေးကအတင်းတိုက်တွန်းကာ စိတ်ပြေလက်ပျောက်ဟုဆိုလာခဲ့တာကြောင့်၊ ထူယန် ငြင်းဖို့အကြောင်းပြချက်ရှာမရဘဲ ကိစ္စအနည်းငယ်ရှိလို့နောက်ကျမှလာခဲ့မည်ဟုသာ ပြောလိုက်တော့သည်။

ထူယန်က ဒါရိုက်တာနှင့် ဇာတ်လမ်းအသစ်အတွက်ဆွေးနွေးနေတာဖြစ်သည်။ ဒီလိုခပ်ဆင်ဆင်တူတဲ့ဇာတ်လမ်းမျိုးတွေရိုက်ဖူးခဲ့ပြီးဖြစ်တာကြောင့် ဒီဇာတ်ကောင်ကိုသူလက်မခံချင်ပေမယ့်လည်း ရိုက်ကူးရေးအဖွဲ့က သူ့ကိုအနုပညာကြေးများစွာနှင့်ကမ်းလှမ်းလာတာကြောင့် သူငြင်းလိုက်ဖို့တွန့်ဆုတ်နေမိသည်။ အချိန်အတန်ကြာစဉ်းစားပေမယ့်လည်း သူဆုံးဖြတ်ချက်မချနိုင်သေးပေ။ ဒါရိုက်တာကတော့ သူ့ကိုအချိန်ယူပြီးစဉ်းစားလည်း စောင့်ပေးပါ့မည်ဟုပြောကာ စဉ်းစားချိန်ပေးခဲ့ပါ၏။ ဘာပဲဖြစ်ဖြစ်၊ ထူယန်ပြန်လာပြီဆိုတဲ့သတင်းက အခုထိဆိုရှယ်မီဒီယာတွေပေါ်မှာ ‌ထိပ်ဆုံးကနေပြေးနေဆဲဖြစ်ကာ သူ့ကိုကမ်းလှမ်းချင်သည့်ဇာတ်လမ်းတွေလည်းများတာကြောင့် ဒါရိုက်တာအဖွဲ့အနေနှင့် လွယ်လွယ်နဲ့လက်မလျှော့နိုင်ပါပေ။

ထူယန် ကုမ္ပဏီကိုရောက်တာနှင့် တိုက်ရိုက်ထုတ်လွင့်သည့်အစီအစဉ်တစ်ခုကိုတက်ဖို့ ခေါ်သွားခံရ၏။ ရိုက်ကွင်းသွားသည့် ကားပေါ်မှာတင် အစီအစဉ်ရဲ့အချိန်ဇယားကိုလေ့လာလိုက်သည်။ ထူယန် အစီအစဉ်ပေါင်းများစွာမှာပါဝင်ခဲ့ဖူးသူဖြစ်တာကြောင့်၊ နှစ်ဝက်လောက်နားနေခဲ့တာတောင် ခဏလောက်အာရုံစိုက်လိုက်ရုံနှင့် ဘယ်အစီအစဉ်အတွက်မဆို အဆင်သင့်ဖြစ်သွားရသည်ပင်။

‌တနေ့တာရဲ့အချိန်ဇယားထဲကအလုပ်တွေအကုန်ပြီးသွားတော့ သူ ဘားရှိတဲ့နေရာဆီ ကားနှင့်သွားလိုက်သည်။ ဘားကိုရောက်ချိန်မှာ အခန်းတံခါးကိုဖွင့်ဖွင့်လိုက်ခြင်းမှာပဲ အတော်မူးနေပြီဖြစ်သည့် ကွမ်နန်ရဲ့အသံကိုကြားလိုက်ရ၏။

ပိုင်ဆိုင်သည်မှာ ခဏသာWhere stories live. Discover now