『အတုမဟုတ်တဲ့အနမ်းမျိုးနဲ့နမ်းပေးပါလား』
ထူယန် ရုတ်တရက်ကြောင်သွားသည်။
ကုချန်ပိုင်ကသဝန်တိုနေတာလား၊ ဘာလို့သဝန်တိုနေတာလဲ။
အား.. တွေးကြည့်ကာမှ...
ထူယန်လက်ပြန်ရုတ်လိုက်ပြီးတော့ နေကာမျက်မှန်ကိုပင့်တင်လိုက်သည်။ ကွာရှင်းဖို့သဘောတူညီချက်ကိုလက်မျတ်ထိုးခိုင်းခဲ့သည့်ညဆီကို အတွေးပြန်ရောက်သွားတော့ ကုချန်ပိုင်ပြောခဲ့သည့် မင်းကိုချစ်တယ်၊ မြင်မြင်ချင်းအချစ်ပဲ ဆိုတဲ့စကားကို သတိရမိသည်။
ထိုအချိန်က ကုချန်ပိုင်ပြောနေသည့်လေသံက အလွန်တရာမှအလေးအနက်ရှိပေမယ့် ထူယန်ကတော့မယုံခဲ့ပေ။ ဒါပေမယ့် အခုတော့ မယုံလို့မရတော့ချေ။ ကုချန်ပိုင်ရဲ့အချစ်ကသိသာလွန်းနေတာကြောင့် ထူယန် ရှောင်ပြေး၍ပင်မဖြစ်နိုင်တော့။
အခုလည်း ကုချန်ပိုင်ကသတဝန်တိုလွန်းပြီး စိတ်ဆိုးနေတာဖြစ်မည်။ ထူယန်သူ့ဘာသာမှတ်ချက်ချပြီး နိဂုံးချုပ်လိုက်၏။
ဇာတ်လမ်းက ဇာတ်ရှိန်အမြင့်ဆုံးအခန်းဆီရောက်လာ၏။ ထူယန်ရဲ့ဇာတ်ကောင်က မြို့ကနေထွက်ခွာသွားရတော့မှာဖြစ်ပေမယ့် ချီဟယ့်အတွက် မထွက်သွားဖို့ရွေးခဲ့ခြင်းဖြစ်သည်။ ရထားတွေတစ်စင်းပြီးတစ်စင်းထွပ်သွားပေမယ့် သူကတော့မသွားတော့ပေ။ ရထားသံလမ်းရဲ့တစ်ဖက်တစ်ချက်ကနေ ချီဟယ့်နဲ့သူကအချင်းချင်းကြည့်ကာငိုနေကြပြီး နောက်တော့ပြုံးလိုက်ကြသည်။
ရုပ်ရှင်ရုံထဲမှာ ငိုသံတွေတရှုပ်ရှုပ်ကြားနေရလေ၏။ ကုချန်ပိုင်က သူ့ဘက်လှည့်ကာ ခေါင်းငုံ့ပြီးပြောလာခဲ့သည်။
"မင်းသရုပ်ဆောင်တာအရမ်းကောင်းတယ်"
သူ့အသံကအရင်အတိုင်းနူးညံ့နေဆဲဆိုပေမယ့်၊ မျက်လုံးထဲကအကြည့်ကတော့ အရင်ထက်ကိုနည်းနည်းလေးပိုပြီး အချစ်လျော့နေသလိုမျိုး.. အရင်နဲ့မတူသလိုမျိုးဖြစ်နေသည်။ နေကာမျက်မှန်ကြောင့်သေချာမမြင်ရပေမယ့်လည်း ကုချန်ပိုင်ရဲ့ချီးကျူးစကားက ရင်ထဲကလာတဲ့ချီးကျူးစကားမဟုတ်ကြောင်း ထူယန်ကောင်းကောင်းကြီးသတိပြုမိသည်။
YOU ARE READING
ပိုင်ဆိုင်သည်မှာ ခဏသာ
Fanfictionသိတယ်မလား မရေးတော့ဝူး အင်တာနက်ရနေသရွေ့ တစ်ရက်တစ်ပိုင်းပါပဲချင်