နာမည်ကြီးဟိုတယ်တစ်ခု၌ မင်္ဂလာပွဲတစ်ခုအား ခမ်းနားစွာကျင်းပနေလျက်ရှိသည်။ထိုမင်္ဂလာပွဲသည် စဝ်မိသားစုပိုင်ကုမ္ပဏီ၏
ဥက္ကဌစဝ်ခေါင်သူရနှင့် အတွင်းရေးမှူး
ခွန်းပိုင်ရုန်တို့၏ မင်္ဂလာပွဲဖြစ်သည်။လူချမ်းသာများ၏ မင်္ဂလာပွဲဖြစ်သည့်အလျောက် တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များကလည်း အများအပြားပင်။
သတို့သားနှစ်ဦးက မင်္ဂလာပွဲအလယ်တွင်
ပြုံးရွှင်စွာလိုက်ဧည့်ခံနေကြသည်။" မမွန်... သတို့သားမိဘတွေကရော "
" ကိုစဝ်ခေါင်သူရက မိဘမရှိတော့ဘူးလေ
အမွှာညီလေးတစ်ယောက်ပဲ ရှိတော့တာ "" မဟုတ်ဘူးလေ... သူ့သတို့သားခွန်းပိုင်ရုန်ရဲ့
မိဘတွေကိုပြောတာ "" သူ့အမေလာတယ်တဲ့လေ
အစောကတွေ့လိုက်ပါသေးတယ်...
သူလည်းအဖေမရှိတော့ဘူး "" အော်... ဒါနဲ့ ကိုစဝ်ခေါင်သူရရဲ့ အမွှာညီ
စဝ်သူရိန်ထွဋ်ကရော "" သူကနိုင်ငံခြားမှာနေတာ မလာဘူးထင်တယ် ... မတွေ့မိဘူး "
" သူ့အကို ယောကျ်ားယူတာကို
ရှက်လို့မလာတာထင်တယ်နော် "" ဟုတ်မှာပေါ့... ဒီလောက်ကျိကျိတက်ချမ်းသာတဲ့သူကို လိုချင်တဲ့မျိုးကြီးရိုးကြီးတွေပေါနေရဲ့သားနဲ့ သာမန်ယောကျ်ားတစ်ယောက်ကို ကောက်ယူသွားတာကိုး "
" ဟိုတစ်ယောက်က ဘယ်လိုအပိုင်ကြံထားလဲမှမသိတာ မမွန်ရယ် "
တီးတိုးစကားသံတွေက တစ်ဝိုင်းနဲ့
တစ်ဝိုင်းပျံ့နှံ့သွားပေမယ့်
သတို့သားနှစ်ဦးကတော့ ပြုံးရွှင်စွာ
မင်္ဂလာပွဲဆင်နွှဲနေဆဲပင်။........
" ကိုကို နေဦး ... အ့.. ရုန်.. ရုန် "
" မရဘူးနော် ရုန်..
ဘာအကြောင်းပြချက်မှမပေးနဲ့
ဒီညက မင်္ဂလာဦးည ...
ကိုယ်မင်းကို လုံးဝအလွတ်မပေးနိုင်ဘူး "ရုန့်အဝတ်တွေကို အတင်းဆွဲချွတ်နေသည့်
ကိုကိုက ရုန်ဘယ်လိုတားတားမရပေ။