Unicode
Jungkook အိမ်ပြန်ရောက်တော့ အိမ်ကတိတ်ဆိတ်လို့နေသည်။ အခန်းထဲမှာများTaehyungရှိနေမလားလို့ဝင်လာပြန်တော့ Taehyungကရှိမနေ သူတို့ရဲ့ကုတင်ကိုလှမ်းကြည့်မိပြန်တော့လည်း အကုန်မွစာကြဲနေတဲ့ မွေ့ယာနဲ့ခေါင်းအုံးပဲတွေ့ ရသည်။ နံရံမှာချိတ်ဆွဲထားတဲ့ မဂ်လာဓာတ်ပုံဟာလည်း တစ်စစီဖြစ်လို့နေ သည်။ Jungkookစိတ်ခြောက်ခြားသွားသည်။ Taehyungဟာ သူ့ကိုတကယ်ထားခဲ့ပြီဆိုတဲ့ အတွေးဝင်မိတော့ သူအရူးတစ်ယောက်လိုအော်ကာငိုနေမိသည်။
"Tae မောင့်ကို မထားခဲ့ပါနဲ့Taeရယ်..."
###
တစ်ပတ်ပြည့်သည့်နေ့တွင်
အိပ်ယာဘေး အရက်ပုလင်းတွေကနေရာယူထားသည်။ ဘယ်အချိန်ရှိလို့ ရှိနေပြီမှန်းမသိ၊ တစ်ပတ်အတွင်းအခန်းထဲအောင်းကာ အရက်ကိုပဲအဖော်ပြု ကာနေနေသည့်Jungkook ဆက်သွယ်လို့မရတဲ့ဖုန်းလေးကိုပဲ ထပ်ကာထပ်ကာ ခေါ်နေမိသည်။
အိမ်ရှေ့ ဘဲလ်တီးသံကြား၍ Taehyungများဖြစ်နေမလားဟု ဝမ်းသာအားရနဲ့ အပြေးလေးသွားကာတံခါးဖွင့်လိုက်သည်။
သို့သော် သူထင်မှတ်ထားတဲ့ သူမဟုတ်ခဲ့ပါ။
"မင်း...မင်း...ဘာလာလုပ်တာလည်း ငါ့အိမ်ကို.."
Han Sohee ခနဲ့တဲ့တဲ့ပြုံးကာ Jungkookကို စကားဆိုလိုက်သည်။
"ရှင်မေ့နေပြီလား ကျွန်မရှင့်ကို တစ်ပတ်အချိန်ပေးထားတယ်လေ တစ်ပတ်ပြည့်လို့မှ ရှင်အဖြေမပေးနိုင်ရင် ကျွန်မရှင့်ကို တရားစွဲရလိမ့်မယ်ဆိုတာ.."
Jungkook Han Soheeပြောမှ သတိရသွားသည်။ သူ တစ်ပတ်အတွင်းစိတ်ညစ်ညစ်နှင့်အရက်တွေကြီး လှိမ့်သောက်နေမိတာ Han Soheeပြောခဲ့တဲ့ စကားကို သတိမရမိ။
"Han Soheeငါ့...ငါ့ကို အချိန်ထပ်ပေးလို့ရမလား ငါအခု အရမ်းစိတ်ညစ်နေတယ် မင်းကိုအခု အဖြေမပေးနိုင်သေးဘူး..."
Han Soheeမျက်နှာထားတင်းတင်းနှင့်....
"အို ဘာလို့ရှင့်ကို အချိန်ထပ်ပေးရမှာလည်း ရှင်က ဘယ်အချိန်မှ ကျွန်မလိုချင်တဲ့ အဖြေကိုပေးမှာလည်း...ကျွန်မဗိုက်က တဖြေးဖြေးပူလာမှာနော် အဲ့အချိန်ကျွန်မကဘယ်လိုလုပ်ရမှာလည်း မရဘူး ကျွန်မလိုချင်တဲ့ အဖြေကို အခုချက်ချင်းပေး မပေးလို့ကတော့ ကျွန်မရှင့်ကိုတရားစွဲမှာ..."
![](https://img.wattpad.com/cover/333420730-288-k937042.jpg)
YOU ARE READING
သူ့အတွက်ဖြစ်တည်မှု
Fanfiction!မုန်းလိုက်တာ ငါမဟုတ်တဲ့ လူနဲ့ အိပ်ထားတဲ့အိပ်ယာ ငါမဟုတ်တဲ့ လူနဲ့ချစ်ရည်လူးထားတဲ့အိပ်ယာ ၊ စိတ်ထဲရှိတဲ့အတိုင်းဆို ဒီအိပ်ယာခင်းတွေကို တစ်စ စီဖြစ်သွားအောင် လုပ်ပစ်လိုက်ချင်တယ်! #taekookfanfic