" အဲ့ဒီ.. "
သူ့၏ လက်ချောင်းတွေနှင့် ကြွေရေခွက်ပုလေး၏ နှုတ်ခမ်းဝကို သပ်လိုက်သည်။
" အဲ့ဒီ ကလေးကို ကိုယ်တော့်စီ လွှတ်လိုက် "
ကြွေရေခွက်ကလေးကိုဘဲ ကြည့်နေသည်မလို့ သူ့၏မျက်လွှာတွေချထားသယောင်ဖြစ်နေပြီး နှုတ်ခမ်းကနေတော့ တည်တည်ငြိမ်ငြိမ်နှင့် အမိန့်ထုတ်နေသည်။
" မလာဘူးဆိုရင် ဆွဲခေါ်ခဲ့..လက်ကောက်ဝတ်ကလေးတွေမဆွဲနဲ့ ဂုတ်ကနေဆွဲခေါ်ခဲ့ "
" နားလည်ပါပြီ ဧကရာဇ်"
သူဟာ ခပ်ဖွဖွပြုံးလိုက်ပြီး ခေါင်းငြိမ့်လိုက်တော့ သူ့၏ရှေ့က တပ်သားဟာ ဒူးတစ်ဖက်ထောက်နေကနေ ဦးညွှတ်ပြီး ထပြီး နောက်တစ်ခေါက်ပြန်ဦးညွှတ်ကာ ထွက်သွားခဲ့သည်။
တပ်သားထွက်သွားသည်နှင့် သူကတော့ အခန်းထောင့်က သေတ္တာလေးစီ လျှောက်လှမ်းသွားပြီး သေတ္တာလေးထဲမှ ပန်းနုရောင် လိမ္မော်နုရောင် ရောစပ်ထားသလို သိုးမွှေးအခင်းလေး ထုတ်ကာ ကိုယ်လက်နှင့်ကိုယ်တိုင် သူ့၏ စားပွဲခုံဘေး ခင်းကျင်းလိုက်သည်။
မကြာလိုက် သူကြားချင်တဲ့ အသံလေးသည် နားထဲသို့တိုးဝင်လာသည်။ အသံချိုချိုလေးပေမဲ့ စကားလုံးလေးတွေကနေ ချိုမနေတဲ့ပုံ။
" အရှင် ဘာပြောမလို့ ကျွန်တော်မျိုးကိုခေါ်တာလဲ "
သူဟာ တပ်သားကိုထွက်သွားဖို့အချက်ပြလိုက်တယ်။ တပ်သားတံခါးပိတ်သွားနောက် သူဟာ ပုလ္လင်မှာထိုင်ရင်းသူ့၏ ရှေ့က စားပွဲခုံ ဘေးကနေရာကို ပုတ်ပြလိုက်တဲ့အခါ ထိုကလေးက လာချင်ပုံမပေါ်။
" မထိုင်ဘူး...ပြောစရာမရှိရင် သွားတော့မယ် အရှင် ... ကျွန်တော်က အားယားနေတာမဟုတ်ဘူး အရှင်ရဲ့ "
" ရှင်းမ် "
လှည့်ထွက်သွားတဲ့ ကျောပြင်ကလေးက နာမည်ခေါ်လိုက်တော့တုန့်ကနဲ ရပ်သွားသည်။
" ကိုယ့်ဘေးမှာ လာထိုင် "
" ဘာပြောမလို့လဲ အရှင် "
" ကိုယ် ဘာပြောပြော အရင်ဆုံးလာထိုင် "
" မထိုင်ချင်ဘူး .... ပြောစရာမရှိဘူးဆိုရင် ကျွန်တော်ပြန်တော့မယ် လုပ်စရာရှိတယ် အရှင် "