⚠️The content, situation, family, and places in this fanfiction are completely unrelated to the outside world. The content is from the story in the fanfiction. Please read it if you are comfortable because it contains rude words. It is not written with the intention of harming anyone's image. There are some MATURE chapters, so please read those chapters if you are comfortable.Enjoy Thank you..
(Unicode)
-CHAPTER-1
ညအမှောင်၊ညနက်လမ်းတစ်ခုမှာအလုပ်ကနေပြန်လာသောလူတစ်ယောက်တိုက်ခန်းပြန်ရောက်တော့
သူဆီအ၀တ်လွှင့်ပစ်သံနှင့်အတူ'၀ုန်း'
*ရား...Kim Sunooအ၀တ်လျှော်လိုက်အုန်း...*
*ကျွန်တော်အခုမှပြန်ရောက်တာလျှော်စရာလိုဘူးထင်တယ်။အန်တီကတစ်နေကုန်ရှိတော့...*
*ပြန်မပြောနှင့်လျှော်ဆိုလျှော်*
*ဟုတ်ကဲ့အန်တီ...*
ပြောပြီးအ၀တ်တွေပြန်ကောက်ကာအ၀တ်လျှော်စက်ရှိရာရေချိုးခန်းဆီဦးတည်သွားလေသည်။ရေချိုးခန်းထဲရောက်တော့အ၀တ်လျှော်စက်ထဲရေဖြည့်ပြီးဆပ်ပြာရည်ထည့်ကာအ၀တ်တွေစိမ်လေသည်။စိမ်ပြီး
အ၀တ်လျှော်ခလုတ်နှိပ်ပြီးထွက်သွားကာဧည်ခန်းကသူက*Kim Sunooပန်းကန်တွေပါဆေးလိုက်အုန်းငါမဆေးမိလို့*
*အန်တီ.....*
*ဆေးဆိုဆေး....ငါအိမ်၊ငါ့ယောကျာ်းအိမ်မှာနေရင်ငါခိုင်းတဲ့တိုင်းလုပ်..*
*အန်တီ...*
Kim Sunooတစ်ယောက်သက်ပြင်းချပြီးမီးဖိုချောင်ထဲ၀င်ကာပန်းကန်တွေဆေးရလေသည်။ဘယ်နှစ်ရက်ထဲကမဆေးရသေးတဲ့ပန်းကန်တွေ၊ခွက်တွေ၊ခက်ရင်းရော၊ဇွန်းရော၊တူတွေလည်းမသိတောင်ကဲ့သို့ပုံလေသည်။အလုပ်ကညနက်မှပြန်ရောက်တော့ကောင်လေးတစ်ယောက်မညီးမညူပဲလုပ်နေရသည်။
ဟိုအလိုက်ကမ်းဆိုးမသိတဲ့ထိုထိုအမျိုးသမီးကမီးဖိုချောင်ကနေဖြတ်သွားကာအဲ့ဘက်လှည့်ပြီး*မနက်ရောက်ရင်လေမနက်ရောနေလည်စာပါချက်ထား၊သြော်ညစားဖို့ပါချက်ရင်ချက်ထားKIM SUNOO*
ဟိုကတော့ပန်းကန်ဆေးရင်းစိတ်မပါလက်မပါသံနှင့်
*ဟုတ်ကဲ့အန်တီ*
ပြန်ပြောလေသည်။Kim Sunooပန်းကန်ဆေးရင်းသူအကြောင်းကိုသူစဥ်စားပြီးတစ်ခြားတစ်ယောက်ကိုပြောနေသလိုစိတ်ကပြောလေသည်။
YOU ARE READING
𝙴𝙽𝙲𝙷𝙰𝙽𝚃𝙸𝙽𝙶 𝙻𝙾𝚅𝙴 𝙲𝚄𝚁𝚂𝙴
Fanfiction(Unicode) *ကိုယ်မင်းကိုချစ်တယ်။Sunoo..* *လူယုတ်မာခင်ဗျားပါးစပ်က.....ချစ်တယ်လို့ပြောတာထိုက်တန်ရဲ့လား။ကျွန်တော်ကိုချစ်တယ်ပြောရအောင်။* *Sunoo,ကိုယ်တောင်းပန်ပါတယ်။* *ခင်ဗျားနှုတ်ကနေထွက်သမျှစကားတိုင်းကကျုပ်အတွက်တော့ရွံဖို့အရမ်းကောင်းတယ်။Jay...* (Zawgyi) ...