" ရိပေါ် "
"ဟင်"
"မင်းYuriကိုဘယ်လိုမြင်လဲ"
"မျက်စိနဲ့မြင်တယ်လေ"
"ဟေ့ကောင် ငါအဲ့လိုပြောတာမဟုဘူးလေကွာ"
"မသိဘူးကွာ ချောတယ် လှတယ် မင်းကိုချစ်တယ် ဂရုလဲစိုက်တယ် သဘောလဲကောင်းပ့ ငါတော့အဲ့လိုမြင်တယ်"
"အေငါလည်းတူတူဘဲကွ ဟဲဟဲ"
"ခွေးကောင် သူငယ်ချင်းအချင်းချင်းကြံဖန်ပြီးလာကြွားနေတယ်"ရိပေါ်ပြောလိုက်တော့ ရီကျဲကျဲနဲ့ အနားက ရှောင်ကျန့်က ထွက်သွားတယ်။ရိပေါ်လည်းအဲ့တော့မှ ခုနကဟန်ဆောင်လုပ်ယူထားတဲ့ အပြုံးနုနုတွေမျက်နှာပေါ်က ပျောက်သွားတယ်။အပြင်ပန်းကသာပြုံးနေပေမဲ့ စိတ်ထဲတကယ်မွန်းကြပ်ရတယ်။တဖက်သတ် ချစ်မိတဲ့လူတိုင်းဟာ သူလိုဘဲလား။ ဒါမှမဟုတ် သူဘဲဒီလိုခံစားနေရတာလား တကယ်အဆင်မပြေလှပါ။
ဒါနဲ့ ကျတော့နာမည်က၀မ်ရိပေါ် အသက်က20တက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသားတယောက်။ခုနကကျတော်နဲ့ စကားပြောနေတဲ့တယောက်က ရှောင်းကျန့်တဲ့။ကျတော့်စားအတူ သွားအတူငယ်"ကတည်းကပေါင်းလာခဲ့တဲ့သူငယ်ချင်းလေ။
ကျတော်ကစာကို အဓိကအာရုံထားပြီး ကြိုးစားပေမဲ့ အဲ့ကောင်ရှောင်ကျန့်တော့ စာအပြင် စပ်စုချင်စိတ်နဲ့နေရာတကာဆရာကြီးလုပ်ချင်စိတ်က အပြင်တွဲပါနေတယ်။ မဟုတ်မခံတယောက်ဖြစ် လို့ အမြဲရုံးခန်းခနခနရောက်ခဲ့ရတာချည်းဘဲ။ရှောင်းကျန့်တို့အိမ်က အတော်လေးချမ်းသာတာမို့ ပြဿနာတော်တော်များများကို အလွယ်လေးဖြေရှင်းနိုင်တယ်။ကျတော်တို့ကတော့ သာမာန်မိသားစုပါဘဲ နေနိုင်စားနိုင်ယုံလောက်ပါဘဲ။
ဆက်ပြောရမယ်ဆို Yuriနဲ့ရှောင်းကျန့်စတွေ့တာကလည်း ကျောင်းစတက်တဲ့နေမှာYuriကိုလူ၂ယောက်ကနှောက်ယှက်နေတာကို ရှောင်းကျန့်က၀င်ဖြေရှင်းပေးရင်းက စသိသွားကြတယ်။နောက်ပိုင်း Yuriကရှောင်းကျန့်ကိုသဘောကျတယ်လို့ဖွင့်လိုက်ပြီး ရှောင်းကျန့်နဲ့တွဲဖြစ်သွားတာဘဲ။
အမှန်တော့ ၀မ်ရိပေါ်ဆိုတဲ့ကျတော်ကအရူးဗျ။ကိုယ့် သူငယ်ချင်းအရင်းကြီးကိုမှကြိတ်ချစ်နေတာလေ။အလယ်တန်းလောက်ကတည်းကပေါ့ ။တက္ကသိုလ်ရောက်တော့ ကျတော် သတ္တိမွေးပြီး ဖွင့်ပြောမလို့ကြံပေမဲ့ သူကYuriနဲ့တွဲလိုက်တာမို့ ကျတော်လည်းမြိုသိပ်လက်ဆနဲ့ဆက်မြိုသိပ်ထားလိုက်ရတော့တယ်။
YOU ARE READING
Favourite Person(Complete)
Fanfiction(Oneshort_Zswwszd) To The World You May Be One Person, To One Person You May Be The World✨