-1-

916 70 28
                                    


" ဆောင်းဟန်ဘင်း !!"

ဒေါသတကြီး တဂဲဂဲ အော်နေသည့် ဖုန်းကို ကောက်ကိုင်လိုက်ကတည်းက သူတို့ ရဲမှူးကြီး ရဲ့ ငှက်ဆိုးထိုးသံက နားစည်သို့ ဒိုင်းခနဲ့ ဝင်ရောက်လာသည်..။

" ကြွ ခဲ့ပါဦး ... ကျွန်တော်မျိုးကြီးရဲ့ ရုံးခန်းကို.."

နန်းတွင်းသုံးရှေးခေတ်စကားလုံးတွေနဲ့ ရွဲ့ကာ သူ့ကို ရဲမှူးက ပင့်နေသည်မို့ ဝတ်ထားသည့် တွန့်ကြေစပြုနေပြီး လွန်ခဲ့သည့် ၃ ရက်လောက်ကတည်းက မလဲထားသည့် အင်္ကျီ ကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ဆွဲဆန့်လိုက်ပြီး အနံ့မနံ့အောင် ရေမွှေးစွတ်လိုက်သည်..။

။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


" ထပ်ပြီး ... YN ဖယ်ရိုမုန်း အစားထိုးဆေးဝါးလုပ်ငန်းကို သွား ကလိပြန်ပြီလား ဘင်း "

အဖွဲ့မှူးက မျက်နှာကို အနည်းငယ် ငိုက်စိုက်ချပြီး မျက်မှန်ကိုင်းပေါ်ကနေ သူ့အား ကြည့်ပြီး မေးလိုက်တော့ ဟန်ဘင်း တစ်ယောက် သူ့ရဲ့ရှေးမူမပျက် Eyes smile လေးဖြစ်သည့်အထိ သွားညီညီဖွေးဖွေးလေးတွေ ပေါ်တဲ့အထိ ပြုံးဖြီးပြရင်း ' သွားလိုက်ပါဦးမယ်' ဟု ပြောကာ အပေါ်တက်သို့ ဦးတည် ပြေးသွားတော့သည်..။

" ချီး လို လောကကြီး !.."

ဓာတ်လှေကားထဲရောက်သွားလို့ တံခါးနှစ်ချပ်တိတိပပပိတ်သွားတော့မှ ဟန်ဘင်း အသံထွက်ကာ ဆဲရေးလိုက်သည်..။ ပိုက်ဆံရှိ အာဏာရှိရင် ပြီးပြည့်စုံတဲ့လောကြီးမှာ ဘာဥပဒေလဲ.. ဘာရဲလဲ ... ဘာ တရားမျှတမှုလဲ.. အပေါ်ယံ သကာ လွှာတွေ.. ..။

ဒီမြို့တော်က လူတွေ ဟာ Third Gender Test ( Alpha , Beta , Omega test ) ကို အသက် ၁၆ နှစ်တွင် စစ်ဆေးရပြီး Alpha အဖြစ် ရလဒ်ထွက်သည့် လူငယ်တိုင်းသည် မြို့တော် မှ Alpha သီးသန့် ဖွင့်လှစ်ထားသည့် ကျောင်း ၆ ကျောင်းထဲက တစ်ကျောင်းကျောင်းကို မဖြစ်မနေ တက်ကြရသည်..။

Top SecretWhere stories live. Discover now