- 3 -

361 45 3
                                    


" ကျစ် အချိန်တွေကုန်တယ်...... လိမ်လိမ်မာမာ ပြန်လာရင်... မနာမကျင်ဘဲ သေရမယ်....!!!"

အလုံပိတ်အခန်းအတွင်း ခက်ထန်နေသည့် အသံက ဟိန်းခနဲထွက်လာသည်...။ ပုံမှန် စကားသံတော့ မဟုတ် အသံဖျက်တဲ့စက်တစ်ခုကနေ ထွက်လာသည့်အသံမျိုး...။

ထွက်ပြေးနေတဲ့သူက ဒရွတ်ဆွဲနေသည့် ခြေထောက်တစ်ဖက်ကို ဆွဲကာ မရမက အသက်လုကာ ပြေးနေသည်...။ ထိုသူသည် မျက်နှာတစ်ပြင်လုံး ဖူးယောင်ကိုင်းနေပြီး နှာရိုးကျိုးသဖြင့် နှာ‌ခေါင်းမှ သွေးတို့ ကစီးကျနေသည်..။

"ငါ -ိုး မို့.... လိုက်မလာနဲ့.. ဆိုက်ကိုပတ်ခ် ကောင်.. ‌ေ-ွးမသား...."

ယဉ်ကျေးလှပါသည်ဟု နာမည်ကြီးသည့် ယွန်းအိမ်တော်က ယွန်းချန်းဂျွန် သည် နာကျင်မှုနဲ့ ကြောက်စိတ်ကြောင့် ပါးစပ်ဟ လိုက်တိုင်း ဆဲရေးတိုင်းထွာနေသည်....။ နောက်က လူသတ်သမား လို့ထင်ရသူကလည်း ဂေါ့ဖ် ရိုက်တံ ကို ကြမ်းပြင်နဲ့ ဒရွတ်တိုက်ဆွဲပြီး နောက်ကနေ တစ်လှမ်းချင်း စည်းချက်ကျကျ လှမ်းကာ လိုက်နေတုန်းပင်...။

ယွန်းချန်းဂျွန် မောဟိုက်နေခြင်းကို မမှုအား....အံကိုတင်းတင်းဖိကြိတ်ကိုက်ထားပြီး လှေကားတွေပေါ် အားတင်းတက်နေဆဲ... နှုတ်ခမ်းတွေမှာလည်း ဖိကြိတ်ကိုက်ထားဒဏ်ကြောင့် သွေးခြေဥတွေက ညိုပုပ်ပုပ်အရောင်သန်းစပြုနေသည်...။

လှေကားထစ်တွေအဆုံးသတ်မှာ ပိတ်ထားခြင်းမရှိတဲ့တံခါးတစ်ချပ်ကို ဆွဲဖွင့်လိုက်တော့ စူးရှသည် နေ့ အလင်းရောင်က ယွန်းချန်းဂျွန် မျက်လုံးတွေ စူးရှကာ ပြာဝေသွားရသလို သူ့ရင်အတွင်းလည်း အသက်ရှင်ဖို့ မျှော်လင့်ချက်ရောင်ခြည်လေးတိုးပွားသွားသည်..။

" ကယ်ကြပါဦး.... !!! ဆိုက်ကိုအရူး တစ်ကောင် လိုက်သတ်နေလို့ ရဲကို အကြောင်းကြားပေးကြပါ..!!"

ယွန်းချန်းဂျွန် အားကုန်သုံးကာ အော်လိုက်ပေမယ့် တော်တော်မြင့်မြင့်အဆောက်အဦးတစ်ခု ဖြစ်တာကြောင့်ရယ်... ။ ထိုအနီးနားတွင် Theme park အကြီးကြီး တစ်ခုရှိတာကြောင့်ရယ် သူ့ရဲ့ ကယ်ပါ ယူပါ အော်ဟစ် သံသည် ကြားရရင်တောင် ကစားကွင်းဆီမှ အော်ဟစ်သံများလို့သာ ထင်ကြပေလိမ့်မည်..။

Top SecretWhere stories live. Discover now