❄️Part - 1❄️

2.1K 31 0
                                    

အချစ်ဦး [ဝဿန် ပိုင် သော နှင်း] 🤍🍒

အပိုင်း (၁)

ကျောင်းဝင်းထဲသို့ လှမ်းလာတဲ့ ခြေလှမ်းတွေဟာ တက်ကြွလျက်...
ဒီနေ့ဟာ သူမ ပြောင်းလာခဲ့တဲ့ကျောင်း ရဲ့ ​ပထမဆုံး ​ကျောင်းတက်ရက်လေးဘဲမလား...

သူမ ဆိုတာ နာမည်ဟာ တကယ့်ကို ရိုးရှင်းလှသည်...
"သူမ" တဲ့လား နာမည်တစ်ခုက ထူးဆန်းမနေဘူးလား

၁၀တန်း Bio အခန်းထဲသို့ ဝင်လာကာ... သူ့ရှေ့က ဆရာက...

"ကျောင်းသူ အသစ်လား သမီး"
"ဟုတ်တယ်ရှင့် ဆရာ..."

"ကဲကဲ ဝင်လာ သမီး..."

အတန်းသားတွေရှိနေတဲ့ ရှေ့မှာ ဆရာနှင့် အတူရပ်လိုက်ပြီး...
"မိတ်ဆက်လိုက်ဦး သမီး"

"နာမည်က ရှီနှင်းစက် ပါ... ရှီ လို့ဘဲ ခေါ်ကြတယ်... ဒယ်ဒီက ကျောင်းဆရာမို့ ကျောင်းက ခဏခဏပြောင်းနေရတာမို့ အခုပြောင်းလာတဲ့ကျောင်းမှာလဲ သူငယ်ချင်း အသစ်တွေ ရချင်ပါတယ်.."

"ဝိုး....."

အပြောကောင်းလှတဲ့ သူမကို တစ်တန်းလုံးက ချီးကျူးကြသည်..

"သမီးသွားထိုင်လို့ရပြီ..."

"ဟုတ်ကဲ့ဆရာ..."

"ရှီ ဒီနားလာ...."

လွတ်နေတဲ့ ထိုင်ခုံလေးနား လှမ်းခေါ်နေတဲ့ ကောင်မလေးကြောင့် ရှီသွားထိုင်လိုက်သည်..
Role ၃ခုရှိတဲ့အထဲ ရှီတို့က အလည်က role တွင်ဖြစ်သည်...
ရှီ လွယ်အိတ်လေးတွေ ချကာ ဘေးပတ်လည်ကိုကြည့်တော့ တစ်စောင်းထိုးမှာထိုင်နေတဲ့ ကောင်လေးကိုဘေးတိုက်အနေအထားဖြင့် မြင်လိုက်သည်...

ယောက်ျားလေးRole က ရှီရဲ့ ဘယ်ဖက်အခြမ်းမှာပင်...
ရှီက ထိုင်ခုံဘေးဆုံးမှာထိုင်တာမို့ ထိုကောင်လေးရုပ်ကို သေချာမမြင်ရပါ...
ရှီက ဒုတိယ Role စတုတ္ထ ခုံဘေးဆုံးတွင် ထိုင်ပြီး
ထိုကောင်လေးကတော့ ပထမ role ရဲ့ ဒုတိယခုံတွင်ဖြစ်သည်...

ပုဆိုးစိမ်းကို သေချာဝတ်ထားပြီး...စတစ်အဖြူကို သပ်သပ်ရပ်ရပ်ဝတ်ထားကာ လက်ကိုတော့ ပင့်ခေါက်ထားသည်...

"ကဲ ဒီနေ့ ကျောင်းသူ အသစ်တိုးသလို ကျောင်းပြောင်းမဲ့ သူလည်းရှိတယ်ကွ... သား ထွက်ခဲ့ဦး အရှေ့ကို.."

အချစ်ဦး (ဝဿာန်ပိုင်သောနှင်း)(Complete)Where stories live. Discover now