❄️Part-4❄️

610 22 0
                                    

အချစ်ဦး [ဝဿန် ပိုင် သော နှင်း] 🤍🍒

အပိုင်း (၄)

"မင်းကိုယ်မင်း ဘာလို့လိမ်တာလဲ ရှီ... ငါက gay ဆိုတာ သူသိရင် စိတ်တိုလိမ့်မယ်နော့.."

ရင်ပူလွန်း၍ အအေးဆိုင်လာထိုင်ပါတယ်ဆို အခုတော့ နားပါ ပူနေရလေပြီ...

"နင်မပြောရင် မသိပါဘူး ကိုဟိန်း ကိုယ်တိုင်က သိအောင်လည်း ကြိုးစားမှာမဟုတ်ပါဘူး ကိုဟိန်းက ငါ့ကို  သာမာန် အသိတစ်ယောက်လိုဘဲ သဘောထားတာပါ.. စိတ်ပူမနေနဲ့"

"မင်းကိုယ်မင်း လိမ်နေတာရော သိတယ်မလား"

ခေါင်းလေးသာ ငြိမ့်ပြလိုက်သည်... ကိုယ့်ကိုယ်ကိုယ်လိမ်နေတာကို သိသိကြီးနဲ့လည်း...မဖြေရှင်းချင်တော့...

"ဖွင့်ပြောလိုက်ပါလား... ချစ်လာတဲ့နှစ်တွေက နည်းနည်းနောနောမှမဟုတ်တာ နင့်ကို သနားပြီးချစ်ချင် ပြန်ချစ်လာမှာပေါ့.."

"မပြောပါဘူး... ကိုဟိန်းမှာလည်း ချစ်ရတဲ့ သူရှိနေ​့ပြီလေ... ငါ နောက်ဆုတ်ပေးသင့်တာ...ငါ အကြာကြီးချစ်ခဲ့လည်း ဘာထူးလဲ ငါဘဲ ချစ်ခဲ့တာလေ.. သနားလို့ချစ်တာမျိူးလည်း ငါမလိုချင်ဘူး...ငါက  တကယ့် မေတ္တာအစစ်ဘဲ လိုချင်တာ"

"မင်းကိုကြည့်လို့ ငါတောင် ရင်ပူလာပြီ.. သံပုရာဖျော်ရည်တစ်ခွက်လောက် ချပေးပါဦး..."

"ရော့... ငါ့ဖျော်ရည်လည်း မင်းကုန်အောင်သောက်လိုက်ဦး...အအေးသောက်တာ ရင်လည်း မအေးပါဘူးဟယ်..."

သောက်မကုန်တော့တဲ့ အအေးကို ဇေယျ ရှေ့ တိုးပေးရင်း ရှီ ငြီးတွားနေလိုက်သည်.... ပြီးတော့ သက်ပြင်းရှည်ကြီးချကာ...အပြင်ဖက်မှာ ကျနေတဲ့ မိုးစက်ကလေးတွေကို  ကြည့်ပြီး မျက်ရည် ဝဲနေလိုက်သည်...
အလွမ်းနဲ့ မိုး က တွဲထားတာလေ...
မိုးကို ရှီ အရမ်းနှစ်သက်ခဲ့ပါတယ်... ကိုဝဿန်ဟိန်းကြောင့်ပေါ့..
အခုတော့ ကိုဟိန်းကြောင့်ရော ဒီမိုးကြောင့်ပါ... ရှီနှလုံးသားလေး နာကျင်နေလေပြီ..

🍒🤍🍒🤍

"မသွားချင်ပါဘူးဆို မာမီရာ မာမီဘဲသွားလိုက်... "

ဒီနေ့ အိမ်မှာ ကြက်သားကုလားသားချက် ချက်တာမို့ ကိုဟိန်းတို့ အိမ်ကို ပို့ခိုင်းနေခြင်းပင်...

အချစ်ဦး (ဝဿာန်ပိုင်သောနှင်း)(Complete)Where stories live. Discover now