❄️Part-11❄️Final

1.5K 25 3
                                    

အချစ်ဦး...[ဝဿန် ပိုင် သော နှင်း]🤍🍒

အပိုင်း (၁၁)[ဇာတ်သိမ်းပိုင်း]

ရှီကို လမ်းတစ်ဖက်ကနေ လှမ်းကြည့်နေတဲ့ ကိုဟိန်း...
ပြုံးလည်းပြုံပြနေသေးသည်...
ကိုဟိန်း ပြုံး တာ အရမ်းရှားတယ်လေ ...
အင်္ကျီအဖြူ ဘောင်းဘီ အဖြူဖြင့်... ရှီကို ပြုံးပြနေတာလေးက ရှီ မမြင်ဖူးတဲ့ မြင်ကွင်းလေးပင်...

ကားတွေ အများကြီးဖြတ်နေကျတာမို့ ရှီ တစ်ဖက်လမ်းကို ကူးလို့မရပါ....
ရှီကို ပြုံးပြနေရင်းကနေ မျက်ရည်တွေကျနေတာလည်း ရှီမြင်နေရသည်...
ကား လမ်းကို မရမက ကူးကာ...
ကိုဟိန်းရှိရာ တစ်ဖက်လမ်းကိုရောက်တာနှင့် ရင်ခွင်ထဲ တိုးဝင်ကာ ရှီ အဝ ငိုလိုက်သည်....
ရှီကို နွေးထွေးတဲ့ လက်တစ်စုံနဲ့ ပြန်ဖက်ပေးနေခဲ့ပြီး...

"ကို နှင်းကို အရမ်းချစ်တယ်"

လို့ပြောပြီးတာနှင့် နွေးထွေးနေတဲ့ရင်ခွင်ကြီးဟာ ပျောက်ကွယ်သွားခဲ့လေသည်....
ရှီ ငိုကြွေးနေခဲ့ပြီး... ပါးစပ်ကနေလဲ "မသွားပါနဲ့ ကိုဟိန်း... ရှီ အနားနေပါ... ရှီတောင်းပန်ပါတယ်"

ဆိုပြီး အော်ငိုနေခဲ့လေရဲ့....

"သမီး သမီးရေ သတိထားဦး..."

မာမီရဲ့ ခေါ်သံကြောင့် ရှီ နိုးလာရလေသည်...
အိပ်မက်ဘဲ... ဒါ အိပ်မက်တွေ...

"အိပ်မက်မလားဟင် မာမီ ကိုဟိန်းရှိတယ်မလားဟင်...
ကိုဟိန်း ဘယ်မှာလဲ ရှီသွားတွေ့မယ်..."

ဆေးပိုက်တွေဖြုတ်ကာ ဆေးရုံကုတင်ကနေ ထဖို့ပြင်နေတဲ့ ရှီကို ဘယ်သူမှ မတားကြပါ....
သို့သော် အခန်းထဲက ထွက်ခါနီးမှ...
ရှီကို လှမ်းဆွဲကာ ရင်ခွင်ထဲ သွင်းလိုက်တဲ့ လူတစ်ယောက်ကြောင့် ရှီ ခံစားမိလိုက်သည်...
ဒါ ကိုဟိန်း.... ကိုဟိန်းရဲ့ အငွေ့ အသက်တွေ...
ကိုဟိန်းရဲ့ ရင်ခွင်ဘဲ...

"ကိုရှိတယ် နှင်း...
ကို နှင်း အနားရှိနေတယ်နော်...."

အသံကြားလိုက်မှ ရှီသိလိုက်သည်...
အိပ်မက်မဟုတ်ဘဲ... အခု သူရောက်နေတာက ကိုမင်းဆက် ရင်ခွင်ထဲပင်.....

ကိုမင်းဆက်ရဲ့ နှလုံးခုန်သံကို ရှီ အတိုင်းသားကြားနေရလေသည်...
အရမ်းခုန်နေတာဘဲ...ကိုဟိန်းရဲ့ နှလုံး....
နှလုံး ရှိရာ ဘယ်ဖက် ရင်အုံလေးကို ရှီ နားလေးကပ်ခါ...
နှလုံး ခုန်သံကို နားထောင်ပြီး ငိုကြွေးနေမိသည်...

You've reached the end of published parts.

⏰ Last updated: Jan 16 ⏰

Add this story to your Library to get notified about new parts!

အချစ်ဦး (ဝဿာန်ပိုင်သောနှင်း)(Complete)Where stories live. Discover now