မိတ်ဆက်

289 7 1
                                    

တေဇ​ယောကျာ်းရဲ့ရည်မှန်းချက်၃ချက်

တေဇ+တေဇယောကျာ်း

ဒီနေ့က တေဇရယ်တေဇယောကျာ်းရယ်အတူတူ ဟင်းချက်ဖို့တိုင်ပင်ထားကြတဲ့နေ့။ ဟင်းချက်အတူတူချက်တယ်ဆိုတာ တေဇရယ်တေဇယောကျာ်းရယ် စိတ်ဆိုးစိတ်ကောက်ပြီးတိုင်း လုပ်နေကြအရာတစ်ခု။ ဘယ်လောက်ပဲစိတ်ဆိုးကြစိတ်ဆိုးကြ ဟင်းအတူတူချက်ပြီးသွားရင် အဆင်ပြေသွားကြတာဖြစ်သည်။ ဒါကိုလည်း တေဇကသတ်မှတ်ထားတာ။

အိမ်နဲ့စျေးကသိပ်မဝေးတော့ တေဇယောကျာ်းသူကိုယ်တိုင် စျေးဝယ်သွားဖို့ စဥ်းစားကာ စျေးခြင်းတောင်းရယ် တေဇကိုယ်တိုင်ဝယ်ပေးထားတဲ့walletခဲရောင်လေးကို လက်ကကိုင်ကာ နှင်းဆီတစ်ပွင့်ကောက်ပန်ခဲ့လိုက်သည်။

စျေးကိုရောက်တော့ အရင်ဆုံးအသားစိမ်းတန်းကိုအရင်သွားလိုက်သည်။ တေဇအရမ်းကြိုက်တဲ့ အမဲသားအတူတူချက်ကြဖို့တွေးကာ ဝယ်နေကြအမကြီးဆိုင်ဆီသွားလိုက်သည်။

" အမဲသားတွေရတယ်နော် ဟယ် တေဇယောကျာ်းပါလား အမဲသားလာဝယ်တာလား  "

တေဇယောကျာ်းဆိုတဲ့အခေါ်ကြောင့် တွန့်သွားတဲ့သူ့မျက်နှာကိုမမြင်

" တေဇယောကျာ်းရေ ဝယ်နေကြအတိုင်းအစိတ်သားချိန်လိုက်ရတော့မလား "

" နေပါစေအမ! ဒီနေ့မဝယ်တော့ဘူး!"

အမဲသားအသည်အမကိုလှည့်ပင်မကြည့်တော့ပဲ ဆောင့်အောင့်မိသည်။ လူကိုဘာမှတ်နေတာတုန်း။ ဟိုတစ်နေ့က ရပ်ကွက်ရုံးထိရောက်အောင် ရန်ဖြစ်ခဲ့တဲ့အကြောင်းကို မသိကြလို့လား ဘာလား။

တေဇအားကိုးနဲ့တေဇယောကျာ်းဖြစ်လာတယ်လို့ပြောချင်ရင် လဲသေ။ သူ့ကို ရန်ဖြစ်ရင် တေဇအားကိုးနဲ့လူပါးဝနေတဲ့အကောင်လို့ပြောလိုက်လို့ သူနဲ့ရွယ်တူကောင်မလေးနဲ့သူတစ်ပြန်ကိုယ်တစ်ပြန်ရန်ဖြစ်ခဲ့ကြတာဖြစ်သည်။

တေဇယောကျားရေလို့ တေဇခေါ်တာပဲ ကြိုက်တယ်။သူများလာခေါ်ရင်မကြိုက်ဘူး။

တေဇကတေဇ တေဇယောကျားကတေဇယောကျာ်း
တူသလား။

ရန်ဖြစ်ထားတဲ့ တေဇယောကျာ်းဆိုတဲ့အခေါ်ကိုမကြိုက်လို့ တေဇက တေဇယောကျာ်းရေလို့ခေါ်ရင်တောင် ထူးတာမဟုတ်။ ဒါတွေတေဇသိမသိ မသိပေမဲ့ ရပ်ကွက်ထဲကလူတွေသိသင့်တယ်။

တေဇယောကျာ်းရဲ့ရည်မှန်းချက်၃ချက်Where stories live. Discover now