အပိုင်း(၁) တေဇနှင့်တေဇ့ယောကျာ်း

75 6 2
                                    

တေဇယောကျာ်း ရပ်ကွက်လူကြီးဆီရောက်ခြင်း

................................

လှပတဲ့နှစ်ထပ်တိုက်အိမ်လေးမှာ တေဇရယ် တေဇယောကျာ်းရယ် နေထိုင်လာတာ သုံးနှစ်ပင်ရှိပြီဖြစ်သည်။ ထို့အတူပင် တေဇနဲ့တေဇ​​ယောကျာ်းတို့အိမ်ထောင်သက်ကလဲ ၃နှစ်တိတိပြည့်ခဲ့ပြီပင်။

တေဇမှာအလုပ်အကိုင်ကောင်းရှိပြီး ခရီးသွားလုပ်ငန်းကုမ္ပဏီတစ်ခုကိုတည်ထောင်ထားသည်။ တေဇယောကျာ်းကတော့ ပျိုးပင်တွေရောင်းချတဲ့အလုပ်ကိုနားထားတာ အိမ်ထောင်ကျကတည်းက။
ဘာလို့ဆို တေဇယောကျာ်းကိုတေဇက ဘာမှမလုပ်ခိုင်းဘူးလေ။တေဇမှာ တေဇအပြင် ညီတစ်​ယောက် ညီမလေးတစ်ယောက်ရှိသေးသည်။ နှစ်ယောက်လုံး အိမ်ထောင်ကျပြီးဖြစ်ကာ သူတို့နဲ့ဘေးချင်းကပ်ရပ်မှာရှိသည်။

တေဇက ဒီနေ့မှာအသက်၂၉ပြည့်မည်ဖြစ်သည်။
မွေးနေ့မှာအလုပ်ကို တစ်နေ့လုံးမသွားဘူးဟု ပြောထားတာကြောင့် တေဇယောကျာ်းနဲ့တေဇတို့ တေဇမွေးနေ့အတွက်ဘုရားပေါ်ရောက်နေကြတာဖြစ်သည်။ တေဇက၂၉နှစ်ပြည့်ပြီး ၂ဂဏန်းရဲ့နောက်ဆုံးလုံး၉ဖြစ်နေပြီး နောက်နှစ်မှာ၃ဂဏန်းဖြစ်တော့မည်။ဒါ့ကြောင့် ဘုရားသွားကျောင်းအတူတက်ကာ တေဇအတွက် တေဇယောကျာ်းကိုယ်တိုင် ကုသိုလ်ရအောင်လိုက်လုပ်ပေးခြင်း။

' အရှင်ဘုရား ဒီကနေ့မှာမွေးနေ့ကျရောက်သော မွေးနေ့ရှင်တပည့်တော်ရဲ့ခင်ပွန်းတေဇ အသက်ရှည်ကျန်းမာပါစေ၊ အလုပ်အကိုင်အဆင်ပြေပါစေ၊ သူ့ခင်ပွန်းအပေါ်ထာဝရချစ်မြတ်နိုးနိုင်ပါစေ၊မျက်နှာမြင်ချစ်ခင် အသံကြားသနား လူလေးစားတဲ့ပုဂ္ဂိုလ်ဖြစ်ပါစေလို့ဆုတောင်းပါတယ်'

" တေဇနဲ့တေဇယောကျာ်းပါလား ဘုရားဖူးတွေဘာတွေထွက်လို့တော်"

ဘုရားကန်တော့နေတဲ့ သူနဲ့တေဇကို ရပ်ကွက်ထဲက မျက်မှန်းတန်းမိတဲ့အဒေါ်ကြီးတစ်ယောက်က မိတ်ဆက်လာသည်။ ချက်ချင်းပြုံးသွားတဲ့ တေဇ ။နောက်ပြီး

တေဇယောကျာ်းမကြိုက်တာဒါပဲ

တေဇယောကျာ်းတေဇယောကျာ်းနဲ့ သူ့နာမည်တေဇယောကျာ်းလား!

တေဇယောကျာ်းရဲ့ရည်မှန်းချက်၃ချက်Where stories live. Discover now