Light (or) I will always be with you (Unicode)

130 10 6
                                    

[Akira's Note : အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်ကတော့ Akira ပဲဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော့်ရဲ့ ပထမဆုံး One shot လေးဖြစ်ပါတယ်။ အရှေ့မှာ fic တစ်ခုရေးထားပေမဲ့ ဒါကတော့ ပထမဆုံး one shot ပဲဖြစ်ပါတယ်။ ထုံးစံအတိုင်း စကားပြောတဲ့နေရာတွေမှာ "........" နဲ့သုံးပြီး စိတ်ထဲမှာပြောတာတွေကိုတော့ '........' နဲ့သုံးပါမယ်။ ဖတ်ရှုပေးပြီး ဝေဖန်အကြံပြုနိုင်ပါတယ်ဗျ။]

******************

တစ်ခုသောမနက်ခင်းမှာ ကောင်လေးတစ်ယောက် အထုပ်အပိုးတစ်ချိူ့နဲ့အတူ တက်ကြွလန်းဆန်းစွာနဲ့ မြေအောက်ရထားကို စီးနေခဲ့တယ်။ မျက်နှာအထက်မှာလည်း ပြုံးပန်းဆင်နေပြီးတော့ မြင်သူတိုင်းကို အေးချမ်းစေတဲ့ မျက်နှာမျိူးကိုလည်း ပိုင်ဆိုင်ထားတယ်။

ဆံပင်က အနက်ရောင်ရှိပြီး မျက်နှာသွယ်သွယ်လေးမှာ မျက်ဝန်းတွေက အပြာရောင်ရှိပြီး သမုဒ္ဒရာလို ကြည်လင်‌တောက်ပနေသေးတယ်။ အသားအရည်ဖြူပြီး အရပ်ကလည်း သူ့အသက်အရွယ်နဲ့သူ ရှည်သင့်သလောက်ရှည်တယ်။ ပါးချိုင့်၊ သွားတက်၊ သွားစွယ်လေးတွေ မပါပေမဲ့ ပြုံးလိုက် ရယ်လိုက်ရင်တော့ သူ့ကို ငေးမိလောက်အောင်အထိကိုလှပလွန်းတဲ့ အပြုံးမျိူးကို ပိုင်ဆိုင်ထားတယ်။ ဒီလိုလှပလွန်းတဲ့ကောင်လေးက မြေအောက်ရထားနဲ့ ဘယ်ကိုများသွားနေတာပါလိမ့်။

ရထားစီးပြီး လိုရာခရီးရောက်တော့ ရထားပေါ်ကဆင်းလိုက်ပြီး သူသွားရမယ့်နေရာကို ဦးတည်သွားနေတော့တယ်။ ပန်းတိုင်ကိုရောက်တော့ ခဏအကြာ ရပ်ပြီး သူ့ရှေ့က အဆောင်အဦးကို ကြည့်နေလိုက်တယ်။ မျက်နှာမှာလည်း အပြုံးရိပ်လေးနဲ့ပေါ့။

အဆောက်အဦးက တကယ်တမ်းပြောရရင် အဆောင်တစ်ခုသာဖြစ်တယ်။ ××××× ယောင်္ကျားလေးအထက်တန်းကျောင်းရဲ့ အဆောင်ပင်ဖြစ်တယ်။ ကောင်လေးကတော့ တက်ကြွစွာနဲ့ အဆောက်အဦးထဲကို ဝင်သွားတော့တယ်။

သူနေရမယ့်အခန်းကို သူ့ဘာသာပဲ လိုက်ရှာနေခဲ့တယ်။ အဆောင်မှာက ‌တစ်ခန်းကို နှစ်ယောက်နေလို့ရပြီး များသောအားဖြင့် အခန်းဖော်တွေက စီနီယာနှင့် ဂျူနီယာများပင်ဖြစ်တယ်။ ကျောင်းရဲ့စည်းကမ်းအရ ‌အဆောင်ရဲ့အခန်းတွေမှာ ဂျူနီယာချင်းလည်းမထားပေးလို စီနီယာချင်းပဲလည်း မထားပါ။ အကြီးတွေက အငယ်တွေကို သွန်သင်ဆုံးမ ထိန်ကျောင်းနိုင်စေရန်အတွက် စီနီယာ ဂျူနီယာ အတူတွဲထားခြင်းပင်ဖြစ်တယ်။

Light (or) I will always be with you (One Shot)Where stories live. Discover now