♡˖꒰ᵕ༚ᵕ⑅꒱
" ဟေ့ရောင်၊ ဟီဆွန်း.. ရှင်းဂျယ်ယွန်းက
လာမှာလား "ည ၇ နာရီ။ သူငယ်ချင်း လေးယောက် ကျောင်း
ရှေ့တွင် ရှိနေကြသည်။ ဆောနူက ခြေထောက်
ညောင်း မခံနိုင်သဖြင့် တံခါးပိတ်ထားသောကျောင်းရှေ့တွင် ငုတ်တုတ်ထိုင်နေပြီး ဂျောင်
ဝန်းကတော့ ဘေးမှာ လက်ပိုက် မတ်တပ်ရပ်နေ
သည်။ ဟီဆွန်းမှာတော့ နာရီကို တကြည့်ကြည့်၊
လာလမ်းကို တမျှော်မျှော်နှင့်။ ကျောင်းပိတ်ရက်
ထဲ သူတို့ သူငယ်ချင်းတစ်သိုက် movie date
ဖို့ရာ သူ့မှာ ဂျယ်ယွန်းကို လိုက်စေချင်သပါ့ဖြင့်
ဖုန်းဆက်ခေါ်ခဲ့သည်။ ကျောင်းရှေ့မှာ ည ၇ နာ
ရီတွေ့မယ် ချိန်းထားပေမယ့် အခုထိ ပေါ်မလာ
သေးသောကြောင့် ဟီဆွန်းမှာ စိတ်မအေးဖြစ်နေ
ရသည်။ဂျယ်ယွန်းက အိမ်ကို မေးကြည့်မယ်သာပြော
ထားပြီး ကျိန်းသေလာမယ်လို့တော့ အာမခံ
မထားပေ။ ဆောနူကလည်း စောင့်ရတာကြာ
တော့ နှုတ်ခမ်းဆူချင်နေတာနဲ့ သူစိတ်လျှော့
ကာ သွားတော့မည်အပြု မီးရောင်အောက် မှာ
အရိပ်ဝါးဝါးလေးက တစ်ဖြည်းဖြည်း လမ်းကို
ပြေးတစ်ခါ လျှောက်တစ်လှည့်ဖြင့် ချဉ်းကပ်
လာလေ၏။ ထိုသူမှာ သေချာပေါက် သူ့ရဲ့ဂျယ်
ယွန်းပါပင်။" ဟီဆွန်း.."
သူ့ရှေ့လာရပ်တော့ အနည်းငယ်မောနေပုံလေး
ဖြင့်။ အသက်ကို ပါးစပ်ဟရှူနေကာ သူ့ကိုမော့
ကြည့်နေ၏။" နောက်ကျသွားလို့ ဆောရီး..."
ထိုအခါမှ ပြိုတော့မလိုဖြစ်နေသည့် ဟီဆွန်း
မျက်နှာဟာ ပွင့်လန်းသွားပြီး ကျန်လူများလည်း
လိုရာကို ခရီးနှင်နိုင်တော့သည်။ ရပ်ထားသည့်
စက်ဘီးများကို ဒေါက်ဖြုတ်လိုက်ပြီးနောက်
ဂျုံဆောင်းက ဂျောင်ဝန်းကို တင်ခေါ်ပြီး ဆောနူ
က တစ်ယောက်တည်း သက်သက်စီးသည်။
YOU ARE READING
High School Crush : to the bone
FanfictionHigh School Crush series book 2 #Written_in_Burmese #Heejake #Leeheeseung #Simjaeyun