꒰⑅ᵕ༚ᵕ꒱˖♡
♡˖꒰ᵕ༚ᵕ⑅꒱
အထက်တန်း၊ နောက်ဆုံးနှစ်။
" ဂျယ်ယွန်းဟျောင်း.."
ဆောနူရဲ့ လှမ်းခေါ်သံကြောင့် ဂျယ်ယွန်း ဘောလုံးပွဲ လူကြည့်စင်ကနေ လှည့်ကြည့်
လိုက် မိသည်။ ပွဲချိန်မဟုတ်ဘဲ သူတို့အချင်း
ချင်း အပျော်ကန်ကြတာမို့ ပရိသတ်နေရာတွင်
တော့ ဂျယ်ယွန်းတစ်ယောက်သာရှိသည်။ဆောနူက ပုခုံးမှာ အိတ်တစ်အိတ်၊ လက်က
အိတ်တစ်အိတ်ကို ကြမ်းပြင်နဲ့ တရွတ်တိုက်
ဆွဲလာပြီး ဆူပုတ်ပုတ်နဲ့ ဂျယ်ယွန်းနားလာ
ထိုင်လေသည်။" ဘာလဲ.. အဲ့တာ "
ဂျယ်ယွန်းက ဆောနူလက်ထဲကအိတ်ကို
မေးငေါ့ကာ မေးလိုက်တော့ဆောနူက ကွင်း
ထဲကို ကြည့်လိုက်ပြီးမှ ဆူဆောင့်ဆောင့်နှင့် ပြော၏။" ပတ်ဆောင်းဟွန်း.."
ဂျယ်ယွန်းမှာ တစ်ချက်သဘောပေါက်လိုက်ပြီး
နှုတ်ခမ်းလေးက ပြုံးလိုက် မိကာ ရှေ့ကိုပြန်
လှည့်လိုက်တော့၏။ သူတို့နှစ်ယောက် တစ်နေ
ရာတည်းတွင်ထိုင်ပြီး တစ်ဖက်တည်းကိုမျက်နှာ
မူနေကြသော်လည်း သူတို့ကြည့်နေကြသည့်လူ
တွေကတော့ မတူညီကြချေ။" ဂျောင်ဝန်းရော.."
" တိုက်ကွမ်ဒို အတန်းရှိလို့တဲ့ "
" ဪ.."
ဆောနူနှင့်ဂျယ်ယွန်း ခဏငြိမ်နေကြရင်းပင်
ဆောနူက သူ့ကို အသံတိုးတိုးလေးဖြင့် ခေါ်
လာ၏။" ဟျောင်း.."
" ဟင်.."
" ပတ် ဆောင်းဟွန်းနဲ့~ ရင်းနှီးနေပြီလား.."
YOU ARE READING
High School Crush : to the bone
FanfictionHigh School Crush series book 2 #Written_in_Burmese #Heejake #Leeheeseung #Simjaeyun