အရာရာတိုင်းက မတည်မြဲဖူးဆိုတဲ့ သဘောတရားကို ကျွန်တော်လက်ကိုင်ထားခဲ့ဖူးတယ်
ဒါပေမယ့် အကောင်းအတိုင်းရှိနေတဲ့သူတစ်ယောက်က အမှူန်အမွှားအဖြစ် လေထဲမှာပဲ လွင့်စင်ပျောက်ကွယ်သွားတဲ့အခါ ကျွန်တော် ထိုသဘောတရားကို မေးခွန်းထုတ်ဖြစ်တယ်
အဲ့သူက ကျွန်တော့်ရဲ့ နေရောင်ခြည်လေး ဖြစ်နေခဲ့ပြန်တော့ လောကကြီးကို ကျွန်တော်ကျိန်ဆဲတယ်
ထိုနေ့ကစပြီး ကျွန်တော် ထိုသူ့ကိုလွမ်းရင်း လောကကြီးကို အပြစ်ဖို့ရင်းပဲရှင်သန်တော့တယ် ကျွန်တော့်ချစ်ရသူက နေရောင်ခြည််လေးဖြစ်နေတဲ့အချိန် သူပျောက်ကွယ်သွားတော့ ကျွန်တော့်ကမ္ဘာဟာ အမှောင်အတိ
ကြယ်တာရာတွေ စုဝေးတတ်တဲ့ သူ့မျက်ဝန်းတွေကို မမြင်ရတော့မှတော့ ညကောင်းကင်ယံဟာလည်း ဘယ်လှတော့မှာလဲ
သူပျောက်ကွယ်သွားတဲ့ ကျွန်တော့်ရဲ့ ခုနှစ်နှစ်တာ ဘဝကို ဖော်ပြပါရစေ
ထိုသူ့ရဲ့ ကိုယ်သင်းနံ့လေး
သူ့ရဲ့ ရယ်သံလေးတွေ
သူ့ရဲ့ ဆောင်းဟွန်းနီးဟျောင်းလို့ခေါ်သံလေးတွေ
သူ့ရဲ့ အပြုံးလေးတွေကို ဘယ်လောက်တောင်လွမ်းကြောင်းပေါ့လေပြေရယ် ထိုသူ့ထံပါး အကြောင်းကြားပေးပါ
ဒီလူက ဤမျှ လွမ်းလှ၍ အရောက်ပြန်လာခဲ့ဖို့ကို
အိမ်ရှေ့က တန်းလျားလေးမှာပဲ ထိုင်နေပြီး နေဝင်ချိန်တိုင်းမှာ စောင့်နေပါ့မယ်
မင်းကြိုက်တဲ့ ပန်းလေးတွေကို ကိုယ်နေ့တိုင်း ရေလောင်းပေးနေသေးတယ်
မင်းပြန်လာတော့မယ်ဆိုတဲ့အတွေးနဲ့ ကိုယ်အသက်ဆက်ရှင်နေသေးတယ်
မင်းကိုယ့်ရင်ခွင်ဆီ အရောက်ပြန်ခဲ့ပါ ကိုယ့်ဆောနူ
One shot လေးပဲဖြစ်မှာပါ T T
ဆောနူမရှိရင် မှောင်မိုက်နေမယ်ထင်တယ် ဆိုတဲ့ စကားကိုမူတည်ပြီး ရေးမယ့် short story လေးပါ
YOU ARE READING
7 years( when you were gone )
Fanfictionmy Sunshine, my Sunoo I'll be waiting for you