ကလင် ကလင် ကလင်
နှိူးစက်သံနဲ့အတူ အစပြုတဲ့ မနက်ခင်းမှာ ဆောင်းဟွန်းရဲ့ မဟူရာ မျက်ဝန်းတွေက ပွင့်လှစ်လာခဲ့သည် အိပ်ရာဘေးနားစမ်းမိတော့ သူ့ဘေးမှာ ဘယ်သူမှမရှိနေ ရင်ထဲက လှိူက်တက်လာတဲ့ ဝမ်းနည်းမှူတွေကို ထိန်းရင်း ပြတင်းလိုက်ကာကို လှစ်ပြီး အပြင်ကို ကြည့်မိပြန်တော့လည်း ပန်းပင်တွေကြားမှာ သီချင်းညည်းရင်း ရေလောင်းနေတဲ့ သူလေးကိုမတွေ့ရ
မနက်စောစောရတတ်တဲ့ ပေါင်မုန့်ဖုတ်အနံ့လေးရယ် ယိုနံ့လေးရယ်ဆိုတာလည်း သူ့စိတ်ကူးထဲမှာ ရှိနေခဲ့ဖူးတဲ့ မနက်စာလေးလိုပင် ခုချိန်မှာတော့ ကြက်ပျောက်ငှက်ပျောက်
နာရီကြည့်မိပြန်တော့ ၇နာရီခွဲပြီမို့ အလုပ်သွားဖို့ သူပြင်ဆင်ရတော့သည် ဂရုမစိုက်ဘဲ ပြစ်ထားမိတဲ့ ဆံသားတွေကို ဖြစ်သလိုလှန်တင်ရင်း မှန်ကိုကြည့်မိတော့ အရေးကြီးတဲ့သူတစ်ယောက်ကို ဆုံးရှူံးထားရတဲ့ သူကို သူမြင်မိသည်
မှန်နားမှာ ထားထားတဲ့ မှန်ဘောင်နဲ့ပုံလေးဆီ အကြည့်ရောက်မိတော့ ဆောင်းဟွန်းမထိန်းနိုင်ဘဲ ပုံလေးကို ထိလိုက်မိတော့သည်
နှစ်အနည်းငယ်ကြာပြီမို့ ပုံကအရောင်လင့်ချင်နေသော်ငြား သူ့ကိုနှစ်နှစ်ကာကာ ပြုံးပြနေသော ကောင်လေးတစ်ယောက်ကို သူမြင်နေရတုန်းပင်
ဖြာကျနေသောနေရောင်ခြည်တွေအောက်မှာ တောက်ပစွာ ပြုံးပြနေခဲ့ပါသော ထိုသူ
ရင်ထဲက လှိူက်တက်လာမှူနဲ့အတူ ဒူးထောက်ချကာ ရင်ခွင်ထဲက ပုံကို သူဖက်ထားမိတော့သည်
ရုပ်ခန္ဓာမရှိတော့ပါသော်ငြား ဤပုံလေးအားဖက်ထားခွင့် ရသည်ကိုကပင် သူ့အတွက် လုံလောက်နေပြီဟုထင်ရသည် ဆောနူက သူ့နားမှာ မရှိတော့သည့်အတွက် သူ ဘာကို ထပ်လောဘတက်ရဦးမည်နည်းဆို့နင့်လာသော ခံစားချက်နှင့်အတူ မျက်ရည်တို့က အဖော်ပါသည်
YOU ARE READING
7 years( when you were gone )
Fanfictionmy Sunshine, my Sunoo I'll be waiting for you