"မောင်...ငါလေ မောင်နဲ့ဒီဘဝမဟုတ်ဘူး။ နောက်ထပ်သံသရာအဆက်ဆက်ရှိခဲ့ရင်တောင် မောင်နဲ့ဝေးပါစေအုံးလို့ ဆုတောင်းမှာ၊ ဒါဟာ ငါ မောင့်အပေါ်မှာထားနိုင်တဲ့နောက်ဆုံးမာနပဲ။"
လွန်လေခဲ့ပြီးသောအတိတ်ကာလတခု.....
"Perth ခြံရှေ့မှာမင်းရဲ့အမွှေဇယားတွေရောက်နေတယ်။ ထွက်တွေ့လိုက်အုံး။"
သူ့နာမည်ကPerthတဲ့။ အင်းးနာမည်ကြီးသူဌေးသားတယောက်။ မိန်းကလေးတွေကိုအပျော်တွဲနေတဲ့ပလေးဘွိုင်းဆိုလည်းဟုတ်နေပြန်ရော။သူ့ဘဝမှာဘယ်အရာကိုမှတန်ဖိုးထားတဲ့ပုံမပေါ်ပါဘူး။ အင်းးးအဲ့တယောက်ကလွဲရင်ပေါ့။
"Monရေ ငါဒီညပြန်မလာဘူးနော်။မင်း ဟင်းတွေပိုချက်နေမှာစိုးလို့ပြောတာ... သွားပြီ ဟျောင့်"
"သွားပေါ့ ဘယ်သူကပိုချက်လို့လဲ။ ငါမကုန်လို့ချန်ပေးထားတာကိုများ.."
ကျွန်တော့်နာမည်ကတော့Chimon။ ချင်းမိုင်ကနေ ဘန်ကောက်ထိတက္ကသိုလ်လာတက်တဲ့ကျောင်းသားတယောက်ပါပဲ။ ပိုက်ဆံလည်းမချမ်းသာသလို၊ ကျွန်တော့်မှာပိုင်ဆိုင်တာဆိုလို့မယ်မယ်ရရပြစရာလည်းမရှ်ိ။ ဒါပါပဲ ကျွန်တော့်အကြောင်းကတော့။
"ဟေ့ Chimon လာ ဒီကို။"
"မင်းတို့ရောက်တာကြာပြီလားMarc"
"မကြာသေးပါဘူးကွာ ခုနကလေးတင်ပဲ"
"ဪ..."
"ဒါနဲ့ဟျောင့် မင်း ဟိုသူဌေးသားနဲ့နေရတာအဆင်ပြေလား။ မင်းကိုအနိုင်ကျင့်ရင်ငါ့ကိုပြောနော် Chi"
"အဆင်ပြေပါတယ်ကွာ...အေးဆေး"
"အင်းပါ အင်းပါ။ ပြေရင်လည်းပြီးတာပဲ"
ဒီလ်ိုနဲ့ ကျွန်တော်နဲ့Perthကအခန်းဖော်တွေဖြစ်လာကြပြီး သူ့အကြောင်းကိုလည်းပိုသိလာခဲ့တယ်။ သူကအဖေမရှိတော့တဲ့ဖတဆိုးလေးဖြစ်နေပြီး မိဘပိုက်ဆံကိုအေးဆေးထိုင်ဖြုန်းနေတဲ့လူငယ်တယောက်ပေါ့။ရည်းစားတွေလည်းတရက်တယောက်လိုပါပဲ။ကျောင်းမှာသူနဲ့မတွဲဖူးတဲ့မိန်းကလေးရယ်လို့မရှိတော့။ နောက်ထပ်အကြောင်းအရာတခုကစိတ်ဝင်စားဖို့ပိုကောင်းတယ်။ ကျွန်တော်နောက်မှပဲထပ်ပြောပြတော့မယ်ဗျာ ဟီးးး။