Part 15-3 (Zawgyi)

13 6 0
                                    

အချိန်တော်တော်ကြာတဲ့အထိ ငိုပြီးမှာတော့ ရိခုက ယူရှီ့ကို စိတ်အပြောင်းအလဲဖြစ်အောင် သူ့ရဲ့ ပေါင်မုန့်ဆိုင်ထဲ ခေါ်သွားပေးလိုက်သည်။

လောလောလတ်လတ်လုပ်ထားသည့် မုန့်အနံ့တွေနဲ့ ပါဝင်ပစ္စည်းအနံ့တို့က ဆိုင်ထဲဝင်ဝင်ချင်းယူရှီ့ကို လွှမ်းခြုံကာ ကြိုဆိုနေလျက်၊ တစ်စစီပြန့်ကျဲနေခဲ့သည့် သူ့ကို မထင်မှတ်ထားခဲ့တဲ့မုန့်ဆိုင်လေးက နှစ်သိမ့်မှုတွေပေးနေခဲ့သလို။

"ယူရှီ ဒီမှာထိုင်"

စားပွဲတစ်ခုမှာသူ့ကို ဝင်ထိုင်ခိုင်းရင်း ကောင်တာဘက်ရောက်သွားသည့် ရိခုက ရေခွက်တစ်ခွက်နဲ့ သူ့အရှေ့ပြန်ရောက်လာသည်။

"ရေလေးသောက်ပါဦး ဖြည်းဖြည်းသောက်နော်"

ကမ်းလာတဲ့ ရေခွက်ကို ယူရှီတစ်ကျိုက်တည်း မော့ချပစ်လိုက်သည်။

"ကျေးဇူးပါပဲ"

"ရပါတယ်"

အလုပ်လုပ်ချိန်ကြီးဖြစ်နေသည့်အတွက် ယူရှီကပဲ အားနာလာရတာကြောင့် ယူရှီမြန်မြန်ထွက်သွားပေးလိုက်ဖို့ စိတ်ကူးလိုက်သည်။

"ဒါဆို ခွင့်ပြုပါဦး အလုပ်ချိန်ကြီးကို ကျွန်တော် နှောက်ယှက်နေသလို ဖြစ်နေတော့မယ်"

ယူရှီ့အပြောတွေကို ရိခုက ခပ်ဖွဖွလေးပြုံးပြသည်။

"မဖြစ်ပါဘူး"

တစ်လက်စတည်း ဆိုင်အဝင်က တံခါးဘက်ကို ညွှန်ပြတော့ ယူရှီမြင်လိုက်ရသည်က "close" ဆိုတဲ့ ဆိုင်းဘုတ်လေး။

"ဒီနေ့ ဆိုင်ဖွင့်ဖို့ ပျင်းနေတယ်ပြောရမလား နားရက်ယူဖို့ လိုနေတယ်ထင်လို့ ဒါပေမယ့် မုန့်မဖုတ်ပဲလည်း မနေနိုင်ပြန်ဘူးလေ၊

အဲ့တာမလို့ပဲ မီနူးအသစ်တွေ စမ်းလုပ်ကြည့်နေတာ"

ရိခုက ပြုံးရင်းပြောလာတဲ့စကားတွေကို ယူရှီစိတ်ဝင်တစားနားထောင်မိသည်။

"တစ်ခါတစ်လေကျတော့လည်း အပြောင်းအလဲလေးတွေ လိုအပ်တယ်လေ ၊ ဒါနဲ့ ယူရှီရော မုန့်ဖုတ်ရတာ ကြိုက်လား"

ရုတ်တရက် မေးလာမှုမှာ ယူရှီခေါင်းက အရင်တုန်းကအကြောင်းအရာတွေပါ တန်းစီပြီးဝင်လာရသည်။

100 Times in Love with You | YUSIONWhere stories live. Discover now