Part 2

247 48 30
                                    



ရှီအွန်း ယူရှီ့ဆီမှ ထွက်လာပြီးတည်းက အဆက်သွယ်မရတော့တာ ယနေ့ဆို သုံးပတ်ပြည့်ချေပြီ။

နောက်လတွင် ရှီအွန်းတို့ ကုမ္ပဏီမှ စတင်ဖြန့်ချိမည့် Summer Collection အတွက် ရှီအွန်း ကိုယ်တိုင် စက်ရုံတွေကို လိုက်ကြည့်ကာ စစ်ဆေးပေးနေရသည့်အလျောက် တစ်ပတ်မှ နှစ်ရက်လောက်သာ အိမ်ပြန်နားနိုင်ရသည်။

ယခုလည်း ရှီအွန်း ကုမ္ပဏီမှာ ခဏနေ နောက်ဆုံးအဆင့်တင်သွင်းချက်အတွက် လိုအပ်သည်များ ပြုပြင်ပြောင်းလဲစရာရှိသည်များ ဆွေးနွေးရန် အစည်းအဝေး တက်ရဦးမည်ဖြစ်သည်။

*ဒေါက် ဒေါက်*

သူ့ဘက်ကပင် "ဝင်ခဲ့ပါ"ဟု မပြောရသေး၊ တံခါးခေါက်ပြီးတာနဲ့ ပွင့်လာတဲ့တံခါးကြောင့် ရှီအွန်း အံ့ဩမိသည်။

ထိုအံ့ဩမှုက ကြာကြာမခံလိုက်ပါ၊ သူရုံးခန်းထဲရောက်လာသည်က သူ့သူငယ်ချင်း ပတ်ဝန်ဘင်း ပင်။

"ပြန်ရောက်တာကြာပြီလား"

"ဟင့်အင်း မနက်ကပဲ၊ ငါ့သားကြီးနဲ့တွေ့ချင်လွန်းလို့ နေ့လည်စာတောင်မစားရသေးပဲ လာခဲ့တာ"

"မင်းအဖေသွားပြောလေ"

"စတာပါကွာ၊ မင်း ခဏနေ မီတင်ရှိတယ်ဆို"

"ဟုတ်တယ် ဒီမီတင်ပြီးရင် အကုန်ပြီးပြီလေ နောက်အပတ် ကုန်ချောရတာစစ်ပြီးရင် နောက်လအတွက် အေးဆေးမှီတယ်၊ နောက်လ ထုတ်ကုန်သစ်ပွဲပြီးရင် လပိုင်းလောက်နားလို့ရပြီ"

"အဲ့ကျရင်တော့ ယူရှီ့ဆီပြန်သွားမှာမလား"

ဝန်ဘင်းရဲ့ စကားတွေကြားတော့ ရှီအွန်း ဘာမှပြန်မပြောနိုင်အောင် ငြိမ်ကျသွားရသည်။

"အဲ့ကလေးက မင်းကိုတကယ်ချစ်တာပါကွာ သူ့မှာက မင်းတစ်ယောက်တည်းရှိတာကို မင်းတစ်ယောက်တည်း ဆုံးဖြတ်ပြီးထွက်လာတာတော့ မဟုတ်သေးပါဘူး ၊ ညှိညှိနှိုင်းနှိုင်းလေးလုပ်ကြပါကွာ တစ်လနှစ်လတွဲခဲ့တာလည်း မဟုတ်ပဲနဲ့"

"သိပါတယ် ငါလည်း ပြန်စဉ်းစားနေပါတယ်..။

မီတင်စတော့မယ် နောက်မှဆက်ပြောတာပေါ့"

100 Times in Love with You | YUSIONTempat cerita menjadi hidup. Temukan sekarang