ဦးကျော်ဌေးတို့မိသားစုဟာ အမေရိကမှ မြန်မာနိုင်ငံကို ပြန်ပြောင်းလာပြီး ပြင်ဦးလွင်တွင် တိုက်ကြီးကြီးမားမားတစ်လုံး ဝယ်ထားလိုက်သည်
"အဖေ...ကျွန်တော်တို့ အမေရိကမှာ နေတာ အဆင်ပြေနေတာပဲဗျာ...ဘာလို့ မြန်မာနိုင်ငံလို...နေလို့မကောင်းတဲ့...နေရာကိုမှ...ပြန်လာရတာလဲ"
"မင်းဟာလေ...ငါ့သားလုပ်နေပီး...ဦးနှောက်မရှိဘူးလား...ဟမ်?...ဒီမှာထွန်းသူရကျော်...အဖေလဲကျန်းမာရေးမကောင်းဘူး...အဖေ့နောက်ဆုံးအချိန်ကို...မွေးရပ်မြေမှာပဲကုန်ဆုံးပြီး...စီးပွားရေးလုပ်ချင်လို့ကွ.."
"ဒါမယ့်..အဖေရာ"
"သား...မင်းအဖေပြောတာနားထောင်လိုက်ပါ...မင်းကိုလဲမြန်မာနိုင်ငံမှာပဲမွေးတာလေ"
"ဟုတ်ကဲ့ပါအမေ...ဒါနဲ့ဘာလို့ပြင်ဦးလွင်ကိုရွေးတာလဲ"ဒေါ်မိမိထွန်းတင်ကတော့ သူ့သားကိုအံသြနေလေသည်။ အသက်၁၅နှစ်ဆိုပေမယ့် မြန်မာပြည်ရောက်မှ စကားပြောတတ်ကာစ ကလေးလေးလို မြန်မာပြည်ရောက်ကာမှ အမေးအမြန်းထူလာသည်။
"သား...ပြင်ဦးလွင်မှာ...သားအဖေရဲ့သူငယ်ချင်း...ဦးထွန်းလင်းဆိုတာရှိတယ်...သူ့မှာသားတစ်ယောက်တောင်ရှိသေးတယ်...သားနဲ့ဆို...၂နှစ်လောက်ကြီးမှာပေါ့"
"သားမေးတာ...ဘာလို့ပြင်ဦးလွင်ကိုရွေးတာလဲလို့...ကြီးကြီးရဲ့..."
"အဲ့တာပဲပြောနေတာလေကွယ်...အဲ့ဦးထွန်းလင်းရဲ့..ကုမ္ပဏီမှာ...သားအဖေက...ရှယ်ယာဝင်မှာလေ..."
"အော်...ဘာကုမ္ပဏီလဲဟင်"
"Light Entertainmentလေ...မြန်မာ့ကောင်းဆုံး...Entertainment...ကုမ္ပဏီပေါ့..."
"အမအဲ့လောက်ရှင်းပြနေစရာမလိုဘူး...ဟေ့ကောင်...ထွန်းသူရကျော်...မင်းမနက်ဖန်ကျောင်းတက်ရမယ်...အဲ့တာကိုပဲပြင်ထား"
"ဟုတ်...အဖေ"
--------------------------------------------------မိုးလင်းလို့ နေရောင်ပျပျလေးရပီဆိုတာနဲ့ ထွန်းသူရကျော်ဟာ ဘယ်သူမှအိပ်ရာမနိုးခင် အိပ်ရာမှထ ထမင်းအိုးတည် တံမြက်စည်းလှည်း ခြံထဲကပန်းပင်များ ရေလောင်း ရေမိုးချိုးကာ ကျောင်းသွားဖို့ပြင်ဆင်လေသည်။
"ကြီးကြီး"
"ပြောလေ...သား"
"သားကျောင်းသွားတော့မယ်"
"ဟဲ့...သူရ...နင့်ကျောင်းမှမအပ်ရသေးတာ"
"ဟမ်...မအပ်ရသေးဘူးလား"
"အေးလေ...ငါလိုက်အပ်ရမှာဟဲ့"
"အော်...ဟုတ်လား...အာ့ဆိုသွားမယ်လေ"
"အေး...အေး.."
YOU ARE READING
ဆူး
Dla nastolatkówကိုယ် သိပ်ချစ်ခဲ့တဲ့လူတစ်ယောက်ကို ကလဲ့စားခြေတယ်ဆိုတာ အပြောပဲလွယ်တာ...တကယ်လုပ်ဖို့က အရမ်းခံစားရတယ်။ --------------- ကိုယ်ချစ်တဲ့သူက ကိုယ့်ကို လိုအပ်ချက်တစ်ခုကြောင့် လက်တွဲခဲ့တယ်ဆိုရင် ဘယ်လိုခံစားရမလဲ။ သူ့လိုအပ်ချက်က ကိုယ်လူ့လောကထဲက ထွက်သွားခြင်းဆိုရင...