စိုစွတ်တဲ့မြေပြင် မှိုင်းညို့ညို့ကောင်းကင် လမ်းဆွတ်ဖွယ်အမှတ်တရနဲ့အတူဒီမိုးရာသီအဆွေးဇာတ်လမ်းကပေးတဲ့ဒီဒဏ်ရာသေရာပါဖြစ်ပီ
"ဒေါ်သင်းသင်း၀ေ".........
ကျွန်မက"နှင်းသော်တာ"ကျွန်မကကဗျာတွေစာတွေရေးရတာဆိုသိပ်သဘောကျတာ။ကျွန်မသိပ်သဘောကျတဲ့ကဗျာတွေကိုတောင်အမျိုးသမီးတစ်ယောက်လောက်တော့ဘယ်သဘောကျခဲ့ရပါ့မလဲ။
တစ်ချိန်ကကျွန်မဆေးကျောင်းသူဘ၀ကပေါ့....ကော်ဖီဆိုင်ထိုင်နေရင်း
"ဒေါ်သင်းသင်း၀ေ"နဲ့အမှတ်မထင်ဆုံတွေ့ခဲ့ကြတယ်။ကောင်ဖီဆိုင်ရဲ့တစ်နေရာမှာထိုင်နေရင်းသူတစ်ယောက်ခေါင်းမူးနေပုံရတယ်။အဲ့လိုနဲ့ကျွန်မကသူ့ဆီကိုသွားပြီး....."အန်တီအဆင်ပြေရဲ့လား"
"ပြေပါတယ်"
"သမီးကဆေးကျောင်းကပါအန်တီ အန်တီဘာဖြစ်လို့လဲပြောပါ"
"ခေါင်းမူးလာလို့သမီးရယ်"
"အော်ခနအန်တီသမီးမှာဆေးပါတယ်"
အိတ်ထဲကဆေးကဒ်လေးထုတ်ပေးရင်းနဲ့
"ရော့အန်တီဒါလေးသောက်လိုက်နော်"
"အေးအေးသမီးကျေးဇူးပါနော်"
"ရပါတယ်အန်တီရယ်"
"လှပလွန်းတဲ့နှုတ်ခမ်းချိုမြိန်တဲ့စကားသံအေးမြတဲ့အပြုံးပိုင်ရှင်အိုကွယ်အန်တီ့ကိုမြင်မြင်မြင်ချင်းချစ်မိပါပြီ"လို့စိတ်ထဲကပြောရင်သူ့ကိုပဲစိုက်ကြည့်နေမိတယ်
"သမီးဆေးကဒ်ပြန်မယူတော့ဘူးလားအန်တီခေါ်နေတာ၃ခါလောက်ရှိနေပြီ"
"အော်ဟုတ်အန်တီိ"
"ဆေးအတွက်ကျေးဇူးပါနော်"
"ရပါတယ်အန်တီ"
နောက်၂ရက်လောက်အကြာကျွန်မသူ့ကိုကျွန်မရဲ့ညီမတစ်၀မ်းကွဲကျောင်းမှာတွေ့တယ်။အေးမြတဲ့အပြုံးပိုင်ရှင်ထိုအမျိုးသမီးအဖြူအစိမ်းလေးနဲ့နှလုံးသားအရည်ပျော်မတက်လှပနေတယ်။
"အန်တီ"
"ဟေ"
ပြန်ထူးရင်းနောက်ကိုလှည့်ကြည့်လိုက်လို့လွင့်ပျံလာတဲ့သူမရဲ့နှင်းဆီပန်းရနံ့သင်းသင်းလေးဟာကျွန်မရဲ့ရင်ခုန်သံတွေကိုပြန်ကြားမိတဲ့အထိပါပဲ