သူနဲ့ကျော်သူရိန်ကဘာတွေလဲဆိုတာသိထို့နောက်နေ့သူနဲ့တွေ့ဖို့သူ့စီသွားတယ်
"အန်တီ"
"အော်သော်တာ"
"သမီးမေးစရာလေးတစ်ခုရှိလို့"
"မေးလေသမီး"
"အန်တီနဲ့ကျော်သူရိန်က..."
"ဟုတ်တယ်ချစ်သူတွေသမီးအဲ့လိုထင်နေတာမလား"
"ဟုတ်"
ကျွန်မမျက်နှာပျက်သွားပင်မဲ့ပြုံးထားတယ်
"သမီးကဘာဖြစ်လို့မေးတာလဲ"
"ဒီတိုင်းသိချင်လာလို့ပါအော်သမီးသွားစရာလေးရှိသေးတယ်"
"အော်အေးအေး"
ကျွန်မသူ့အိမ်ကိုအမြဲလိုလိုသွားတယ်ကိုကျော်သူရိန်ရှိတဲ့အချိန်နဲ့တိုးတိုင်းသူနဲ့ရင်းနှီးအောင်လုပ်တယ်တစ်ရက်တော့...
"အန်တီတို့နှစ်ယောက်ကိုသမီးအိမ်မှာထမင်းဖိတ်ကျွေးချင်လို့လာနိုင်တယ်မလား"
"လာနိုင်တာပေါ့ညီမ"
"အန်တီကရော"
"မောင့်သဘောပါတော်"
"ဒါဆိုမနက်ဖြန်လာခေါ်မယ်လေ"
နောက်နေ့မှာကျွန်မသူတို့ကိုသွားခေါ်တယ်အိမ်ရောက်တော့တံခါးတွေကိုလော့ချလိုက်တယ်တစ်ခါထဲသော့ပါခတ်လိုက်တယ်
"သမီးသော်တာဘာလို့.."
စကားမဆုံးခင်ကျွန်မဖြတ်ပြောလိုက်တယ်
"သမီးတို့ဘက်ကဓါးပြတွေများလို့ပါ"
"အော်အေးသမီး"
"ညီမသော်တာ"
"ဟုတ်"
"ဓါးပြများတာတော့များတာပေါ့ဒါပင်မဲ့သော့ခတ်လိုက်တဲ့အထိမလိုဘူးထင်တယ်"
"ညီမအိမ်လဲသခိုးကပ်ဖူးတော့ကြောက်လို့ပါ"
"အော်ဟုတ်ညီမ"
နောက်တော့ကျွန်မသူတို့ကိုနောက်ဖေးအခန်းထဲကိုထမင်းစားဖို့ခေါ်လာခဲ့တယ်။သူတို့အထဲရောက်တော့ထိုင်ခိုင်းလိုက်ပြီးထမင်းကျွေးလိုက်တယ်နောက်တော့အအေးထဲကိုအိပ်ဆေးထည့်ပြီးတိုက်ခဲ့တယ်။သူတို့ကိုထည့်ပေးလိုက်တဲ့အိပ်ဆေးကနည်းနည်းများသွားတော့ချက်ချင်းကိုအိပ်ပျော်သွားကြရှာတယ်။ကျွန်မရဲ့အိပ်ခန်းထဲကိုဆွဲခေါ်သွားလိုက်တယ်။နောက်တော့လက်တွေနဲ့ခြေထောက်တွေကိုကြိုးနဲ့တင်းတင်းချီထားလိုက်တယ်။သူတို့သတိရလာတော့